45

5.8K 789 4
                                    

Chapter 45

စုကျီနန်ကလုရန်ရှုအား အမြောက်ကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်နေသည်မှာ  နေ့ခင်းကြောင်တောင်တွင် ကြယ်များထွက်ပေါ်လာသကဲ့သို့ပင်။ အပူချိန်မြင့်ဖျက်ဆီးခြင်းသေနတ်နှင့် အပူချိန်နိမ့်အရှိန်လျော့သေနတ်တို့သည် လုရန်ရှု၏မက်ခါကို အလှည့်ကျ တိုက်ခိုက်နေခဲ့သည်။

စုကျီနန်၏မီးလျှံများကို လုရန်ရှုကရှောင်တိမ်းလိုက်ပြီး စုကျီနန်မက်ခါ၏ဦးခေါင်းကိုချိန်ရွယ်ကာ  သူ၏အမြောက်ဖြင့်အဆက်မပြတ်ပစ်ခတ်လိုက်သည်။

“မက်ခါက ဘယ်လိုဖြစ်ပြီးရုတ်တရက်မြန်လာတာလဲ...”

“မဖြစ်နိုင်တာ...ခုဏကအထိအဲ့ဒီ့မက်ခါက အရမ်းနှေးနေတာမဟုတ်လား...”

“ဒါက Bအဆင့်ကလုပ်နိုင်မယ့်အရာနဲ့မတူဘူးနော်...”

“စုကျီနန်က တကယ်ကြီးအပစ်ခံရတော့မှာလား..”

ဤသည်မှာ လုရန်ရှအတွက် ယွမ်ရှင်းကျဲက အထူးပြုပြင်မွမ်းမံပေးထားခြင်းဖြစ်သည်။ မက်ခါ၏အင်ဂျင်နှင့် သေနတ်ပစ်ကိရိယာကိုပေါင်းစပ်ပြီးနောက် ရရှိလာသောရလဒ်တစ်ခုပင်။

မည်သို့ပင်ဆိုစေ စုကျီနန်က Aအဆင့်တိုက်ခိုက်သူတစ်ဦးဖြစ်သည်။ သူက လျှပ်တစ်ပြက်တိုက်ခိုက်မှုကို လျှင်မြန်စွာရှောင်တိမ်းကာ လုရန်ရှုမက်ခါ၏ခြေထောက်ဆီသို့ မီးလျှံအမြောက်အများပစ်လွှတ်လိုက်သည်။

ပြိုင်ပွဲစချိန်မှ၈မိနစ်ကျော်လာပြီဖြစ်ပြီး လုရန်ရှူက ဆိုးဆိုးရွားရွားအရေးနိမ့်နေခဲ့သည်။ သူ့အနေဖြင့် ပြိုင်ပွဲကိူလက်လျှော့လိုက်သင့်ပြီဖြစ်သည်။

ယွမ်ရှင်းကျဲမျှော်မှန်းထားသည်နှင့်မတူပဲ လုရန်ရှုက ခြေထောက်မှနာကျင်မှုကိုတောင့်ခံကာ  စုကျီနန်၏မီးတောက်များကိုရှောင်ရှားရင်း ဆက်လက်တိုက်ခိုက်ခဲ့သည်။

သို့ရာတွင် အဆိုပါမီးတောက်များမှာ အဆက်မပြတ်ထွက်ပေါ်လာခဲ့ပြီး လုရန်ရှု ပို၍အရေးနိမ့်လာခဲ့သည်။

စုကျီနန်က ငဲ့ညှာရန်စိတ်ကူးမရှိပဲ လုရန်ရှု၏ဒဏ်ရာရနေသာခြေထောက်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ သူက လုရန်ရှုအား လမ်းမလျှောက်နိုင်သည်အထိ တိုက်ခိုက်ပစ်ချင်နေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now