36

6K 798 14
                                    

Chapter 36

သူ့ခေါင်းအထက်သို့ ကျဆင်းနေသောမိုးရေစက်များက ထီးပေါ်ရောက်သွားသည်။ ယွမ်ရှင်းကျဲ၏ လည်ဇလုပ်က လှုပ်ရှားသွားပြီး ခါးမတ်မတ်ထားလိုက်ကာ သူ့ရှေ့ကလူက သူ့ကို ကြင်နာသည့်လူလား မုန်းတီးနေသောလူလား အကဲမခတ်နိုင်ပေ။

အဲ့ဒါအယ်လ်ဖာများလား သူ့ကို အမှတ်အသားပေးတော့မယ်ထင်တယ် ...

ယွမ်ရှင်းကျဲ မသက်မသာဖြစ်မှုကိုတွန်းလှန်ပြီး ခေါင်းကို‌ဖြည်းညှင်းစွာမော့ကာ ရှေ့မှအရပ်ရှည်ရှည်လူကိုကြည့်လိုက်သည့်အခါ သူ့မျက်လုံးများ မသိမသာပြူးကျယ်သွားသည်။

ထီးအောက်တွင် ရွှေအိုရောင်ထီးလက်ကိုင်ရိုးကိုကိုင်ထားသော လက်ချောင်းသွယ်သွယ်များတွင် ထင်ရှားသောလက်ဆစ်များရှိသည်။ လက်ကောက်ဝတ်ရိုးက ရှိရင်းစွဲထက် ဖြူဖျော့နေကာ အင်္ကျီလက်ဖျားတွင် မိုးရေစက်များနှင့် ပွင့်ဖတ်များစွန်းထင်းနေသည်။

သွယ်လျ၍တောင့်တင်းသော လက်မောင်းများမှတစ်ဆင့်ကြည့်လိုက်သောအခါ ထိုလူ၏ ပခုံးကျယ်ကျယ်ကို တွေ့လိုက်ရသည်။ နက်ကတိုင်မစည်းထားသောကြောင့် အပြာရင့်ရောင်ကျောင်းယူနီဖောင်းနှင့် ရှပ်အင်္ကျီအဖြူရောင်အောက်မှ ညှပ်ရိုးများကို တစ်ပိုင်းတစ်စတွေ့နိုင်သည်။

အပေါ်သို့‌ထပ်ကြည့်သောအခါ ရင်းနှီးသလို မရင်းနှီးနေသလိုဖြစ်နေသောမျက်နှာကို တွေ့လိုက်ရသည်။

ထိုလူ၏ မေးရိုးများက တောင့်တင်းနေပြီး နှုတ်ခမ်းများတင်းတင်းစေ့ထားကာ ယွမ်ရှင်းကျဲကို ငုံ့ကြည့်နေသည်။ သူ၏မျက်ခုံးများက တွန့်ခိုးနေပြီး လှပသောမျက်ဝန်းများက သူ့ကို အလွန်နက်ရှိုင်းစွာကြည့်နေပြီး မည်သည့်ခံစားချက်ကိုမှ မမြင်ရပေ။

သူ့ကိုကြည့်နေလျက် ယွမ်ရှင်းကျဲ၏ဦးနှောက်က ခဏတာ အလုပ်မလုပ်တော့ပေ။

သူ့ရှေ့တွင်ပေါ်လာသူက အိုမီဂါများကိုကြောက်ရွံ့သော လော့ဝမ်ချွမ်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယွမ်ရှင်းကျဲက မည်သို့မျှမတုံ့ပြန်နိုင်ပဲ ကြောင်အအဖြစ်နေသည်။ လော့ဝမ်ချွမ်းက ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး လက်ဆန့်ထုတ်ကာ ဂလင်းနေရာကို လက်ဖြင့်ကာထားသော ယွမ်ရှင်းကျဲ၏လက်ကို ဖယ်ထုတ်ရန်ပြင်လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now