165

5.2K 551 30
                                    


Chapter 165

ကာလက်နှင့်ဟဲ့ဟောင်မင်တို့က အတူတူတိုက်ခိုက်နေကြသည်။ နောက်တစ်စက္ကန့်တွင် သူတို့၏ပြိုင်ဘက်က ခံတပ်တစ်ခုဖောက်ခွဲ၍ သူတို့၏အမြင်အာရုံနှင့်လမ်းကြောင်းကို ပိတ်ဆို့ထားသော ဖုန်မှုန့်တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်၏။

"သေစမ်း..."

ကာလက် ထိတ်လန့်သွား၏။

"နိုရာရဲ့ပြိုင်ပွဲဝင်တွေရူးနေကြတာလား...သူတို့ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

အကာအကွယ် ခံတပ်ကို အပြင်ကနေဖြတ်ကျော် ရန် ခက်ခဲသော်လည်း အတွင်းကနေဖျက်စီးသောနည်းလမ်းတစ်ခု ရှိနေသေးပေသည်။

ခံတပ်ကို ဖောက်ခွဲခြင်းက နိုရာက ၎င်းတို့၏ နယ်မြေအနေအထားအားသာချက်ကို ဆုံးရှုံးသွားပြီဟု၍လည်း သဘောရ၏။ ဖုန်တွေလွင့်ပြယ်သွားချိန်ရောက်၍ ကာလက်နှင့် ဟဲဟောင်မင်တို့ အပျက်အစီးများကို ရှောင်ကွင်းသွားလျှင်ပင် ၎င်းတို့က အမာခံနယ်မြေကို အသာလေးရောက်နိုင်လေသည်။

ထိုအချိန်တွင် အက်ရှလေနှင့်ခဲ့လိုင်တို့၏အသံက သတင်းပို့စက်ကနေထွက်လာခဲ့၏။

"နိုရာက သူတို့ရဲ့အကာအကွယ်တာဝါနှစ်ခုကို ဖောက်ခွဲပစ်ပြီ"

အက်ရှလေက ထိတ်လန့်တကြား ပြောသည်။

"ဒီမှာ လမ်းပိတ်ခံထားရတယ်...သူတို့ဘာလုပ်နေကြတာလဲ"

ခဲ့လိုင်က စက္ကန့်အနည်းငယ်ခန့်ကြောင်အနေပြီးမှ

ရုတ်ချည်း တုန့်ပြန်လာ၏။

"သူတို့က ငါတို့ကိုတားထားချင်တာ...ပြီးရင် ရှင်းကျဲကို အုပ်စုလိုက်သွားဝိုင်းကြမှာ..."

"ဘာ..."

ဟဲ့ဟောင်မင်၏မျက်လုံးများက အံအားသင့်မှုများပြည့်နေခဲ့သည်။

"ဒါဆို သူတို့က ငါတို့ကိုဖယ်ထုတ်ဖို့ နေရာတွေခွဲလိုက်ကြတာပေါ့...ပြီးတာနဲ့ သူတို့ရဲ့ကိုယ်ပိုင် အကာအကွယ်တာဝါတွေနဲ့ခံတပ်တွေကို ဖောက်ခွဲပစ်လိုက်တယ်...အရဲစွန့်လွန်းတာမဟုတ်ဘူးလား"

"ကျားတွင်းထဲမဝင်ဘဲ ကျားသားပေါက်ကိုဖမ်းလို့မရဘူးလေ"

ကာလက် အံကြိတ်လိုက်၏။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now