166

5.5K 573 6
                                    

Chapter 166

မကြာမီ ရှင်းဟိုင်ကျောင်းအသင်းက တခြား အဖွဲ့ဝင်များစွာ ယင်းမက်ခါကိုသတိထားမိသွားကြသည်။

သူတို့က ချက်ချင်း သတိကြီးကြီးထားပြီး ရှေ့တက်တားဆီးရန်အဆင်သင့်ဖြစ်နေကြ၏။

သို့သော်လည်း ယွမ်ရှင်းကျဲက ဤသည်ကို အင်မတန်အထူးတလည်ကို သတိပြုမိလေသည်။

သူက မီးထွန်းနေသည်ကိုမရပ်ပါဘဲ လက်တစ်ဖက်ကို အသာဖြေကာ သာ၍သာ၍ ထိန်းမနိုင်သိမ်းမရဖြစ်လာသောမက်ခါရှိရာဆီသို့ တစ်စုံတစ်ခုကို ပစ်လွှင့်လိုက်၏။

အနက်ရောင်မက်ခါကုဗတုံးလေးက လေထဲမှာပျံတင်သွားခဲ့သည်။

မက်ခါတစ်ခုအဖြစ် လေထဲမှာပြောင်းလဲသွားပြီး လူတိုင်း၏မျက်လုံးများကို ပြူးကျယ်သွားစေ၏။

"အာ...မဟုတ်မှလွဲရော..."

"သေစမ်း...ငါမျက်လုံးတွေကန်းကုန်ပြီလား"

"ယွမ်ရှင်းကျဲရဲ့ကြောင်ရုပ်ဆိုး...ပြန်လာပြီ..."

ရှိနေသည့်လူတိုင်း၏ အံအားသင့်နေသောမျက်လုံးများထဲတွင် တစ်ချိန်က ပြိုင်ကွင်းကိုလွှမ်းမိုးခဲ့သော စက်ရုပ်သားရဲက ကောင်းကင်ထက်ကနေပြုတ်ကျလာပြီး အတိအကျကို...

နိုရာကပ္ပတိန်၏အလင်းဓါးမက်ခါ၏ ခေါင်းပေါ်မှာ ကျယ်လောင်သောဆူညံသံတစ်ခုနှင့်အတူ ထိုင်ချလိုက်လေသည်။

စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကနေလွတ်မြောက်တော့မည့်ဆဲဆဲ အလင်းဓါးမက်ခါသည် ကောင်းကင်းထက်နေပြုတ်ကျလာသော စက်ရုပ်သားရဲ၏ဖိချေ ခြင်းကိုခံလိုက်ရပြီး ရုတ်ချည်းဟန်ချက်မညီဖြစ်သွားသည့်အတွက် မြေကြီးပေါ်ကို တန်းပြီးပြုတ်ကျသွား၏။

ထို့နောက်တွင် အလင်းဓားမက်ခါပေါ်၌ထိုင်နေသော ကြောင်ရုပ်ဆိုးက ထုံးစုံအတိုင်း ၎င်း၏သန်မာသော ဖိနှိပ်မှုစွမ်းရည်ကိုပြသနေခဲ့သည်။

အခြေအနေကိုမြင်ပြီးနောက် လူတိုင်း မထိန်းချုပ်နိုင်အောင်ပင် စိတ်လှုပ်ရှားသွားခဲ့၏။

"သူ့ကြည့်ရတာ ဝိတ်တက်လာသလားလို့..."

"ဘယ်လိုလုပ် စက်ရုပ်သားရဲတစ်ကောင်က ဝိတ်တက်မှာလဲ...ယွမ်ရှင်းကျဲက သူ့ကိုမွမ်းမံထားလို့နေမှာပေါ့"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now