95

5.1K 612 6
                                    

Chapter 95

မကြာခင် ပြိုင်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်ကာ ရှင်းဟိုင်တက္ကသိုလ်ဘက်က စည်းချက်မိလာသည်။

သို့သော် ယွမ်ရှင်းကျဲနှင့် အခြားသူများ စိတ်လျော့ကာသက်ပြင်းချလိုက်ချိန်တွင် ဂျက်ကော့မှ သုံးယောက်က ရုတ်တရက်အုပ်စုပုံစံပြောင်းကာ အသက်ကိုရင်း၍ခယ့်လိုင်ကို တိုက်ခိုက်လိုက်သည်။

ခါတိုင်းလိုပင် အိုးရွေ့က ခယ့်လိုင်ကို ကူညီရန်သွားသော်လည်း ဓားကိုကာပေးနေစဉ်ထိခိုက်မိကာ မြေပြင်ပေါ်သို့ကျသွားပြီး တိုက်ခိုက်စွမ်းရည်များ ဆုံးရှုံးသွား၏။

အုပ်စုလိုက်ကစားပွဲတွင် သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုမှာ မက်ခါမြေကြီးပေါ်သို့ကျသွားလျှင် ပြိုင်ပွဲမှ ချက်ချင်းထွက်ရမည်ဖြစ်သည်။

မြေကြီးထဲမှ နွယ်ပင်များထွက်လာကာ အိုးရွေ့၏မက်ခါနှင့်အတူ သူမကိုပါကွင်းထဲမှ ဆွဲခေါ်သွားပြီးဖယ်ရှားလိုက်၏။

အိုးရွေ့ ကွင်းထဲမှထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှင်းဟိုင်တက္ကသိုလ်ကို ကိုယ်စားပြုသောအလင်းတန်းတစ်ခု ပျောက်ကွယ်သွားတော့သည်။

ဂျက်ကော့မှ ကျောင်းသားများမှာ စိတ်လှုပ်ရှားမှုများအပြည့်ပါဝင်နေသော ဩဘာသံများဖြင့် အော်ဟစ်အားပေးကြသည်။

“အကုန်ထုတ်ပစ်။ အကုန်ထုတ်ပစ်။ အပြာရောင်မီးတွေ အကုန်ပိတ်ပစ်။”

ထိုစကားလုံးများမှာ ဂျက်ကော့ကျောင်း၏အားပေးသော ပင်တိုင်အော်ဟစ်သံများဖြစ်လာသည်။

အိုးရွေ့ အထုတ်ခံလိုက်ရပြီးနောက် ခယ့်လိုင်နှင့် ဆားတိုမှာ အကောင်းဆုံးပူး‌ပေါင်းဆောင်ရွက်နေသော်လည်း အခြေအနေမှာ ခက်ခဲလွန်းလှသည်။

နောက်ဆုံးတွင် ပြိုင်ဘက်အသင်းမှ ကြယ်နှစ်စင်မက်ခါကို ခယ့်လိုင် ထုတ်ပစ်နိုင်ခဲ့ပြီး သူနှင့် ဆားတိုအန်းမှာ ရှေ့ဆင့်နောက်ဆငိ့ ရှုံးနိမ့်သွားခဲ့သည်။

ဂျက်ကော့၏ အလင်းတန်းများမှာ သိသိသာသာပင် ရှင်းဟိုင်ထက် အသာစီးရနေ၏။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ