137

5.6K 644 13
                                    

Chapter 137

ယွမ်ရှင်းကျဲ သူ၏ဂလင်းများကို ဖြတ်တောက်လိုက်သော လုပ်ရပ်ကြောင့် လက်ထပ်ထိမ်းမြားရေးဥပဒေအပေါ် လူတိုင်း၏ မကျေနပ်မှုကို နှိုးဆွနိုင်ခဲ့သည်။ ဥပဒေကြမ်းကို ပြင်ဆင်ရန်အတွက် နန်းတော်သို့ အသနားခံစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။

ထို့အပြင် ဗီဒီယို၏ အဆုံးတွင် ကင်မရာထဲ၌ ပေါ်လာခဲ့သော လော့ဝမ်ချွမ်းကြောင့်လည်း လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။

ထိုအခါမှသာ လော့ဝမ်ချွမ်းက သတင်းစာရှင်းလင်းပွဲနေရာမှ စိတ်ဆိုးမာန်ဆိုး ထွက်ခွာသွားခြင်းက ဥပဒေကို မကျေနပ်သောကြောင့် မဟုတ်ပဲ ပိုအရေးကြီးသည့် ယွမ်ရှင်းကျဲကို ကယ်ရန်အတွက်ကြောင့်ဖြစ်ကြောင်း အားလုံးသဘောပေါက်သွားကြသည်။

လော့ဝန်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့အကြားမှ ဆက်ဆံရေးကြောင့် မရေမတွက်နိုင်သောထင်မြင်ချက်များ ထွက်ပေါ်လာခဲ့သည်။

အချိန်တစ်ခုအထိ သူတို့နှစ်ယောက်အကြောင်း ဆွေးနွေးမှုများက သတင်းခေါင်းစီးများတွင် ပါလာခဲ့သည်။

ရှင်းဟိုင်တက္ကသိုလ်အဖွဲ့မှလူများလည်း မကြာမီတွင် ထိုသတင်းများကို တွေ့မြင်သွားခဲ့ကြသည်။

ယွမ်ရှင်းကျဲက လူအများရှေ့မှာပင် ဂလင်းကိုဖြတ်တောက်လိုက်သဖြင့် အားလုံးက ထိတ်လန့်တုန်လှုပ်ကာ စိုးရိမ်နေကြသည်။

" နည်းပြ... အင်ပါယာကြယ်မြို့တော်ကိုသွားပြီး ရှင်းကျဲကို သွားရှာရအောင်... သူအခု အသက်အန္တရာယ်ရှိနေလားမသိဘူး..."

အော်ရီရယ်က လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပြီး ရစ်ချက်၏လက်မောင်းကိုဆွဲကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

အခြားအဖွဲ့ဝင်များကလည်း သဘောတူကြသည်။ သူတို့အားလုံး ယွမ်ရှင်းကျဲ၏အခြေအနေကို စိတ်ပူနေကြသည်။

" ဂလင်းကိုဖြတ်ပစ်လိုက်တယ်ဆိုတာ တော်တော်လေးအန္တရာယ်များတယ်... ရှင်းကျဲ အသက်အန္တရာယ်ရှိမရှိ သေချာအောင် သွားကြည့်ရမယ်..."

" နည်းပြ ရှင်းကျဲကို အခုချိန်မှာ ဂရုစိုက်ဖို့လိုနေမှာ... ကျွန်တော်တို့ သူ့အနားသွားနေပေးချင်တယ်..."

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now