141

5.5K 645 8
                                    

Chapter 141

ယွမ်ရှင်းကျဲ ဆေးရုံခုတင်ပေါ်ထိုင်နေပြီး နောက်ထပ်လုပ်ဆောင်ရမည့်ကိစ္စများကို စဉ်းစားနေသည်။

ဂလင်းကိုဖြတ်ပြီးသည့်နောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက ‌ကျိန်းသေပေါက်မြင့်တက်သွားပြီး မက်ခါအသုံးပြုရာတွင် အကျိုးရှိလာစေသည်။

နေ့စွဲအရဆိုလျှင် နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲက ပြီးဆုံးသွားပြီဖြစ်သည်။

ယွမ်ရှင်းကျဲ မှတ်ဉာဏ်တုကိုဖွင့်ပြီး ပြိုင်ပွဲသတင်းများအကြောင်း စုံစမ်းကြည့်လိုက်သည်။ ရှင်းဟိုင်တက္ကသိုလ်က အကြိုဗိုလ်လုပွဲတွင် အနိုင်ရသွားခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း မှတ်တမ်းတစ်ခု ချန်ရစ်ထားနိုင်ခဲ့သည်ကိုတွေ့၍ စိတ်အေးသွားသည်။

သို့ရာတွင် ယွမ်ရှင်းကျဲမရှိ၍ အော်ရီရယ်ကို လူစားထိုးထည့်လိုက်ရကြောင်း သတင်းထဲတွင် ပြောထားသည်။ သို့ဖြစ်၍ ရှင်းဟိုင်တက္ကသိုလ်က နောက်ဆးတစ်ဆင့်ပြိုင်ပွဲတွင် အနိုင်ရရန် အလွန်ခက်ခဲနေသည်ကို သူသိလိုက်ရသည်။

သို့ဖြစ်၍ ယွမ်ရှင်းကျဲက ဘေးနားက ဆရာဝန်ကို မေးလိုက်သည်။

" ဆရာ ကျွန်တော် မက်ခါပြိုင်ကွင်းထဲ ပြန်သွားလို့ရသေးလား..."

" ပြိုင်ပွဲမှာတော့ ဝင်ပြိုင်ဖို့ အဆင်မပြေလောက်ဘူးထင်တယ်... ဒဏ်ရာက ကောင်းလာပြီဆိုပေမယ့် ကျွန်တော်တို့က မစ္စတာရှင်းကျဲရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ‌စောင့်ကြည့်ဖို့လိုပါသေးတယ်... ပြိုင်ပွဲစီစဉ်သူတွေကလည်း ဒီလောက်မြန်မြန်နဲ့ ပြိုင်ပွဲဝင်ခွင့် ပေးဦးမှာမဟုတ်ဘူး... နိုအာကြယ်ကိုမြန်မြန်ပြန်ဖို့ မတွေးပါနဲ့ဦး..."

ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့် ဆက်သွယ်လိုသော်လည်း တစ်ဖက်လူက လေ့ကျင့်နေမည်စိုး၍ သူ့ကို မနှောင့်ယှက်တော့ပဲ မက်ဆေ့တစ်စောင်သာပို့ထားရန် ဆုံးဖြတ်လိုက်သည်။

လော့ဝမ်ချွမ်းနှင့် တွေ့ခွင့်မရနိုင်သေး၍ ယွမ်ရှင်းကျဲ၏မျက်ဝန်းထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Où les histoires vivent. Découvrez maintenant