113

5K 616 18
                                    

Chapter 113

ခယ့်လိုင်က ပြိုင်ပွဲအနေအထားကိုနားလည်အောင် အချိန်ယူနေခြင်းဖြစ်သည်ဟု ရစ်ချက်ယူဆခဲ့ခြင်းပင်။ သို့သော် ရန်စခံလိုက်ရချိန်တွင် ခယ့်လိုင်၏ဒေါသတကြီးတုံ့ပြန်မှုက သူ့ကိုအံ့သြသွားစေခဲ့သည်။

ခယ့်လိုင်က အမြောက်အများအပြားကိုအသက်သွင်းလိုက်ပြီး မြေပေါ်ရှိစာကိုဖျက်ပစ်လိုက်သည်။

ဒိုင်ရက်တာက အဆိုပါလုပ်ရပ်ကို ကြိုတင်ခန့်မှန်းမိလေသည်။ သူက ခယ့်လိုင်ထံရုတ်တရက်ချဥ်းကပ်လိုက်ရင်း ဓားရှည်ဖြင့်ခုတ်ချခဲ့သည်။

ခယ့်လိုင်က ဒိုင်းကာကိုလျှင်မြန်စွာထုတ်ပြီးကာလိုက်၏။

“ဘန်း—”

ကျယ်လောင်သောအသံက ရှင်းဟိုင်အဖွဲ့ဝင်များ၏နှလုံးသားများအထိ လာရောက်ပဲ့တင်ထပ်သွားခဲ့သည်။

ကြယ်ပျံမက်ခါ၏ဒိုင်းကာမှာ အသက်ကယ်ပစ္စည်းဖြစ်သည်။ ခယ့်လိုင်၏အခြေအနေမှာ ပို၍ပင်အန္တရာယ်များနေလေပြီ။

၂၁မိနစ်အကြာတွင် ဒိုင်ရက်တာက ခယ့်လိုင်၏ကြယ်ပျံမက်ခါကို မြေပေါ်လှဲသိပ်နိုင်ခဲ့လေသည်။

ဒိုင်ရက်တာက ခယ့်လိုင်၏ကျောပေါ်သို့ တစ်လမ်းချင်းနင်းတက်လိုက်ရင်း နားနားကပ်ကာ စကားပြောစက်ကိုခပ်ကျယ်ကျယ်ဖွင့်လိုက်သည်။

“ငါဒီစာလုံးတွေကို မင်းကျောပေါ်မှာထွင်းပေးမယ်...ကြားလား...ရှင်းဟိုင်ကအမှိုက်ကောင်...”

ဒိုင်က စတင်၍ရေတွက်လေသည်။

“တစ်ဆယ်...ကိုး...ရှစ်…”

ခယ့်လိုင်က ဒိုင်ရက်တာ၏တိုက်ခိုက်မှုမှကာကွယ်ရန် လက်မောင်းကိုမြှောက်လိုက်သည်။

နောက်တစ်စက္ကန့်အကြာတွင် ဒိုင်ရက်တာက အင်အားတစ်စုံတစ်ရာပင် စိုက်ထုတ်ခြင်းမရှိပဲ ခယ့်လိုင်၏လက်မောင်းကိုဆွဲယူလိုက်သည်။ အားလုံးက သူတွက်ထားပြီးသားကဲ့သို့ပင်။

စိန့်ကလီတို၏နည်းပြဖြစ်သူ ဂမ်မာက ခယ့်လိုင်မှာ ပြိုင်ပွဲတွင်ထိပ်တိုက်ရင်ဆိုင်သည်ထက် ပြိုင်ဘက်ကိုဦးစွာလေ့လာပြီးမှ အလစ်ဖမ်းတိုက်လေ့ရှိကြောင်းပြောကြားခဲ့၏။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now