27

6.4K 771 13
                                    

Chapter 27

အီခယ့်၏ ဥက္ကာပျံမက်ခါနှင့် နှိုင်းယှဉ်ပါက ကာလက်မှာ သိသိသာသာပင် ပိုကြောက်စရာကောင်းသည်။

ချီယု မျက်မှောင်ကြုတ်လိုက်သည်။

" ကာလက်တဲ့လား ... ဆံပင်နီရောင်နဲ့ အယ်လ်ဖာအရူးကောင်လား ..."

" ဟုတ်တယ် ..."
စုကျီနန်က စိုးရိမ်သွားဟန်ဖြင့် ပါးစပ်ကိုလက်ဖြင့် အုပ်ထားလိုက်သည်။

" အာ ကျွန်တော်မှတ်မိပြီ ... လော့ဝမ်ချွမ်းပြီးရင် ကာလက်ကလည်း အလင်းမက်ခါတွေနဲ့ပြိုင်ရင် တစ်ခါမှ မရှုံးဖူးဘူး ...  ပထမဆုံးပွဲစဉ်တုန်းက မုန်တိုင်းမက်ခါကြီးလည်း အပိုင်းပိုင်းအစစ ဖြစ်သွားပြီး မောင်းနှင်သူ‌ရဲ့စက်ခန်းပဲ ကျန်ခဲ့တယ်တဲ့ ..."

စုကျီနန်ပြောသည့် ပြိုင်ပွဲကလည်း homepageတွင် ထိပ်ဆုံး ၅နေရာထဲတွင်ရှိသည်။ မရေမတွက်နိုင်သော လူများက ကာလက်ကို အရူးတစ်ယောက်ဟုသာ သတ်မှတ်ထားပြီး လော့ဝမ်ချွမ်းပြီးလျှင် မတွေ့ချင်ဆုံး ပြိုင်ဘက်ဖြစ်သည်။

ချီယု ‌မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းရင်းကို မသိသော်လည်း ယွမ်ရှင်းကျဲ၏ အခြေအနေကို သူစတင် ပူပန်လာသည်။

" အစ်ကိုကြီးယု သူ့ကိုစိတ်ပူတယ်ဆိုရင် ပြိုင်ပွဲကို တူတူသွားကြည့်ကြမလား ... ကျွန်တော်တို့ ပြိုင်ပွဲအချိန်ကလည်း ညီလေး ရှင်းကျဲတို့နဲ့ မတူဘူးလေ ... သူ့ကို သွားအားပေးပြီး ညီလေးရှင်းကျဲက ကာလက်ကို အနိုင်ယူမလားဆိုတာ သွားကြည့်ကြမယ်လေ ..."

ထိုသို့ပြောပြီးနောက် စုကျီနန်၏ မျက်လုံးများက ရှိုးပွဲတစ်ခုကို ကြည့်ရတော့မည်ကဲ့သို့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

ယွမ်ရှင်းကျဲက မောင်းနှင်သူစက်ခန်းသာ ကျန်သည်အထိ ဖျက်ဆီးခံလိုက်ရမည်ကိုကြည့်ရန် မစောင့်နိုင်တော့ပေ။

ထိုမှသာ ကျောင်းတစ်ကျောင်းလုံးတွင် အသန်မာဆုံးအိုမီဂါက စုကျီနန်တစ်ယောက်တည်းသာဖြစ်ကြောင်း ချီယု သိသွားလိမ့်မည်ဖြစ်သည်။

....

ယွမ်ရှင်းကျဲက လုရန်ရှုနှင့်အတူ ကျောင်းကန်တင်းတွင် ညစာစားနေသည်။ အော်ရီရယ်ကလည်း အနားတွင် ရှိနေသည့်အတွက် သူတို့သုံးယောက်က ပြိုင်ပွဲအတွင်းမှ တိုက်ခိုက်မှုများအကြောင်း ပြန်ပြောနေကြသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now