20

6.2K 838 17
                                    

Chapter 20

ယွမ်ရှင်းကျဲ၏ခံနိုင်ရည်မှာလည်းမကြာခင်ဂိတ်ဆုံး​ရောက်​တော့မှာပင်။ အသင်းAနှင့်​တွေ့ဆုံမှုကို သူစိတ်ထဲမှအမြန်တွက်ချက်လိုက်သည်။ မိနစ်၀က်ခန့်ကြာလျှင် မက်ခါစက်သံများကို​ရှေ့နားတွင်ကြားလိုက်ရ​တော့သည်။

အလင်းဓါးမက်ခါမှာ ကိုယ်တိုင်တိုက်ခိုက်​ရေးမက်ခါမျိုးဖြစ်ကာ မက်ခါသုံးစီးအားတပြိုင်တည်းတိုက်ခိုက်နိုင်မည့် လက်နက်အများအပြားမပါရှိ​ချေ၊

သို့သော် သူက မြေပြင်အ​နေအထားကို အသာစီးယူနိုင်သည်။

လူတိုင်း အပြာအလင်းစက်သည် လိ​မ္မော်အလင်းစက်များအားမှီခါတွင် ​ထောင့်ချိုးသို့​ကွေ့လိုက်​ကြောင်း​တွေ့လိုကိရ​လေသည်။

"ဘာလဲဟ သူတို့ကို​ကျော်ပြီး ချန်ပီယံယူ​တော့မလို့လား"

"ငါကသူအမီလိုက်ပြီး လက်စားပြန်​ချေမယ်ထင်တာ ဒါ​ပေမယ့်ဒါပဲလား"

"​ရှောင်သွားတာလည်း​ကောင်းတာပါပဲ၊ ထိပ်​တိုက်​တွေ့စရာမလိုပါဘူး"

"အင်း​လေ ငါလည်းအတန်းEက​ကျောင်းသားဆိုရင်
အတန်းAက​ကျောင်းသား၃​ယောက်က်ု တစ်​ယောက်တည်းရင်ဆိုင်ရ​လောက်​အောင်​တော့တုံးမှာမဟုတ်ဘူး"

အတန်းEက​ကျောင်းသားဘာလုပ်မည်ကို​ဆွေး​နွေး​နေကြစဥ်၊ အပြာ​ရောင်အ​လင်းစက်​လေးမှ တဖက်လမ်းမှ လိ​မ္မော်​​ရောင်အလင်းစက်သုံးခုအား​ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။

ပန်း၀င်မှတ်ကိုတိုက်ရိုက်ဖြတ်သွားသ၍ ပထမ​နေရာကိုသူရသွား​တော့မည်။ သို့​သော်ယွမ်ရှင်းကျဲထိုသို့မလုပ်ခဲ့​ချေ။ သူကပထမ​နေရာကိုမလိုချင်၊အမှန်အတိုင်း​ပြောရလျှင် သူဤဂိမ်းရှုံးရှုံးနိုင်နိုင်ဂရုမစိုက်ချ။ သူကဗျူဟာများနှင့် မက်ခါအ​ကြောင်း​လေ့လာချင်ရုံသာ။

ဂိမ်း၏အဆင့်ခွဲခြားမှုမှာ သူ၏ဗျူဟာအဆင်​ပြေမ​ပြေ ကိုအတည်ပြု​ပေးနိုင်ရန်သာဖြစ်သည်။ ယွမ်ရှင်းကျဲမှ ​တောအုပ်အဆုံးမှာတိတ်တဆိတ်ရပ်လျက် မက်ခါသုံးစီး​​ရောက်လာမည်ကို​စောင့်​နေလိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now