158

5.4K 585 4
                                    

Chapter 158

NCLM ၏ နောက်ဆုံးပွဲစဉ်မှာ နောက်တစ်နေ့တွင် စတင်လာပြီဖြစ်သည်။

အ‌ဓိကသတင်းစာများနှင့် ကွန်ယက်များမှ သတင်းထောက်များ နိုအာကြယ်တွင် စုဝေးနေကြပြီး အားကစားကွင်း၏အတွင်းရော အပြင်ပါ လူများအုံခဲနေသည်။

ကစားပွဲမှာ မစတင်သေးသော်ငြား မရေတွက်နိုင်သော ကင်မရာမီးများ ပလူပျံနေပြီး မြင်ကွင်းအား ပြင်းထန်သော အပူရှိန်ဖြင့် အလင်းပေးနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ပရိသတ်များမှာ ယခုနှစ်ပြိုင်ပွဲ၏အနိုင်ရရှိသူ မည်သူဖြစ်နိုင်မည်ကို ပြင်းပြင်းထန်ထန် မှန်းဆနေကြသည်။

" ရှင်းဟိုင်တက္ကသိုလ်က ဒီနှစ်ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ.. သူတို့က နောက်ဆုံးပွဲစဉ်ထိတောင် တက်လာနိုင်တယ်…"

" ဒါပေမယ့်လည်း နိုအာတက္ကသိုလ်က အရမ်းအားကြီးနေဆဲပဲလေ..ငါထင်တာတော့ ရှင်းဟိုင်ရဲ့နောက်ဆုံးပွဲစဉ်အခြေအနေကတော့ သိပ်မသေချာတော့ဘူး…"

" ယွမ်ရှင်းကျဲကော ပြန်လာနိုင်ပါ့မလား.. သူသာမလာရင် ရှင်းဟိုင်အနိုင်ရဖို့အခွင့်အရေးက ပိုနည်းသွားတော့မယ်…"

" ငါကြားမိတာတော့ ဂလင်းကိုဖြတ်လိုက်တာရဲ့ နောက်ဆက်တွဲတွေက အခုထိ ကုလို့မပြီးသေးဘူးတဲ့ သူကအခု ဆေးကုသခန်းရဲ့ ဖန်ပေါင်းချောင်ထဲမှာပဲရှိသေးတယ်…"

" ပုံစံကြည့်ရတာတော့ လော့ဝမ်ချွမ်းဒီမှာရှိနေသေးတယ်ဆိုရင်တောင်မှ နိုအာကပဲ ချန်ပီယံဖြစ်ဦးမယ်ထင်တယ်.."

ယခုနှစ်ပြိုင်ပွဲတွင် ရှင်းဟိုင်တက္ကသိုလ်မှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ဖျက်မြင်းတစ်ကောင်ဖြစ်ခဲ့သည့်တိုင် နိုအာတက္ကသိုလ်မှာ သန်မာသောမက်ခါသင်တန်းကျောင်းတစ်ခုဖြစ်ကာ ထိုကျောင်းနှစ်ကျောင်း၏ကြားထဲတွင် ကြီးမားသောကွာဟမှုရှိနေဆဲပင်ဖြစ်သည်။

ကစားသမားတစ်ဦးချင်းစီ၏ ခွန်အားအရဆိုလျှင် နိုအာစစ်တက္ကသိုလ်ရှိအမြင့်ဆုံးကစားသမားမှာ SS+အဆင့်ဖြစ်ပြီး လော့ဝမ်ချွမ်းနှင့် ယှဉ်ပြိုင်နိုင်သည့် လူနည်းစုများထဲတွင် ပါဝင်သည်။ ထပ်ပေါင်းရမည်ဆိုပါက နိုအာစစ်တက္ကသိုလ်တွင် နောက်ထပ် SS အဆင့်နှစ်ဦး ၊ S+ အဆင့်သုံးဦးနှင့် S အဆင့်ကစားသမား လေးဦးရှိသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now