5

7.3K 872 9
                                    

Chapter 5

ယွမ်ရှင်းကျဲ၏မျက်လုံးများပြူးကျယ်သွားကာ ​နောက်သိူ့ဆုတ်လျက်အမြန်​ရှောင်လိုက်ရ​တော့သည်။ သို့​သော် ထိုမျှနှင့်မပြီး​သေး​ချေ။ လုရန်ရှုမှာ​ဘေးတွင် အသက်ရှုဖို့ပင်​မေ့​လျော့​နေ​တော့သည်။

ကျိုး​ဖေးရွယ်ပင် မျက်​မှောင်ကြုတ် မိသည်အထိ။ အယ်လ်ဖာနှင့် အိုမီဂါကြားမှ ခွန်အားကွာခြားမှုကို သူသိသည်ပင်။

​အော်ရီရယ်၏လက်သီးချက်မှာယွမ်ရှင်းကျဲကို ကျိန်း​သေထိုးမိလိမ့်မည်။ သိူ့​သော်..

သိူ့​သော် ​ကျိုး​ဖေးရွယ်တစ်​ယောက် ၀င်တားချိန်မရ​သေးခင်မှာပင် ယွမ်ရှင်းကျဲကထိုလက်သီးချက်ကို တံ​တောင်ဖြင့်အသာအယာကာလိုက်သည်ကို​တွေ့လိုက်ရ​လေသည်။ လှုပ်ရှားမှုအနည်းငယ်အတွင်း ယွမ်ရှင်းကျဲ ဤခန္ဓာကိုယ်နှင့်လျင်မြန်သွာအသားကျသွားခဲ့သည်။ ​အော်ရီရယ်မှာသူ၏တိုက်ခိုက်မှုမှန်သမျှအလွယ်တကူ​ချေဖျက်ခံရသည်ကိုမြင်လျှင်သတိကပ်လိုက်​တော့သည်။ အချိနွတို​လေးအတွင်းမှာ ယွမ်ရှင်းကျဲသည် သူ၏ဟာကွက်တချို့ကိုဖမ်းမိသွားခဲ့သည်။

​အော်ရီရယ်၏လက်​ကောက်၀တ်အား သူ၏ဘယ်လက်ဖြင့်​ဆောင့်ဆွဲလျက် ​အော်ရီရယ်၏နှာ​ခေါင်းရိုးအား ညာဘက်တံ​တောင်ဆစ်ဖြင့် တိုက်ချလိုက်သည်။

  ​အော်ရီရယ်မှာယခု​လေးတင်လက်သီးချက်ကိုထိုးသွင်းထားသဖြင့် ထိုအ​အ​နေအထားအတိုင်းပင် မျက်လုံးများ ပြူးကျယ်လျက်အမြန်​ရှောင်လိုက်သည်။ သို့​သော်သူသက်ပြင်းမချနိုင်ခင်မှာပင် ယွမ်ရှင်းကျဲမှာ ​နောက်ထပ်ရှု​ထောင့်တစ်ခုမှ တံ​တောင်ထိုးချက်ကိုပစ်သွင်းလာပြန်သည်။ဤတစ်ကြိမ်တွင် ​အော်ရီရယ်၏ပါး​စောင်ကိုထိုးမိသွားပြီး အားဟုပင်အသံပြုလိုက်မိ​လေသည်။

​အော်ရီရယ်မှာနာကျင်စွာသူ၏ပါးကိုကိုင်ရင်း မျက်လုံးများက အားနည်း​သောအိုမီဂါတစ်ဦးထံမှထိုးခံရသည်ကိုမယုံနိုင်မှု​ကြောင့်ပြူးကျယ်လျက်၊
ချက်ချင်းပင် သူအံကိုကြိတ်လျက် ​မျက်နှာအားလက်ဖြင့်လျက်​​ခေါင်းငုံ့ကျသွားသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now