51

5.8K 822 7
                                    

Chapter 51

ယွမ်ရှင်းကျဲက မက်ခါသားရဲအား ကြယ်တံခွန်မက်ခါအသေးစားပုံစံမျိုး မွမ်းမံခဲ့ခြင်းဖြစ်သည်။

သူက ကာလက်ကြယ်တံခွန်မက်ခါ၏ဖွဲ့စည်းပုံကို အသေးစိတ်မှတ်သားထားခဲ့ပြီး မက်ခါသားရဲ၏ ခြေလက်အင်္ဂါများနှင့်လက်နက်များကို ဒီဂရီအမျိုးမျိုးဖြင့်ပြုပြင်မွမ်းမံကာ ကြယ်တံခွန်မက်ခါ၏လုပ်ဆောင်မှုအတိုင်း မွမ်းမံခဲ့လေသည်။

တနည်းအားဖြင့် ယွမ်ရှင်းကျဲ၏လက်ရှိမက်ခါသည် ကြယ်တံခွန်မက်ခါနှင့် ကြယ်နှစ်ထပ်မက်ခါအား ပေါင်းစပ်ထားခြင်းဖြစ်လေသည်။.

စုကျီနန်က ကြောင်ရုပ်ဆိုးအား စတင်၍ကြောက်လန့်လာခဲ့သည်။ နှစ်ယောက်တစ်ယောက်တိုက်နေရသည်ဟုပင် သူခံစားနေရလေသည်။

စုကျီနန် မက်ခါသားရဲ၏ချုပ်နှောင်မှုအား ခံလိုက်ရသည်နှင့် ယွမ်ရှင်းကျဲက အလင်းဓားများကိုထုတ်ကာ ကြယ်ပျံမက်ခါအားခုတ်ချလိုက်သည်။

အဆိုပါဓားနှစ်လက်သာ မက်ခါအပေါ်သို့တစ်ချိန်ထဲကျရောက်သွားခဲ့ပါက မျှော်လင့်ထားသည့်အတိုင်း ထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမှာပင်။

ယွမ်ရှင်းကျဲ အနိုင်ရသွားပြီဟု အားလုံးထင်လိုက်ကြသည်။

“အုန်း...”

ကြယ်ပျံမက်ခါက အင်အားကုန်သုံးကာ ဒိုင်းကာကိုထုတ်လိုက်ပြီး အလင်းဓားများ၏တိုက်ခိုက်မှုအားကာကွယ်လိုက်သည်။

ထိုဒိုင်းကာက မောင်းနှင်သူအန္တရာယ်ကျရောက်သည့်အချိန်တွင်သာ မဖြစ်မနေအသုံးပြုရခြင်းဖြစ်ပြီး မက်ခါ၏ခေါင်းအစခြေအဆုံး ကာကွယ်ပေးထားသည့် မိုးပြာရောင်အလင်းကိုထုတ်လွှတ်နေလေသည်။

သို့ရာတွင် အဆိုပါဒိုင်းကာက စွမ်းအင်အကုန်အကျများလှသည်။ ယေဘူယျအားဖြင့် ကြယ်ပျံမက်ခါများက တိုက်ပွဲပြီးခါနီးအချိန်မျိုးတွင်သာ ဒိုင်းကာကိုထုတ်လေ့ရှိကြသည်။

ဒိုင်းကာပျောက်ကွယ်သွားသည်နှင့် တန်း၍ထိုးစစ်စင်ရမှာဖြစ်ပြီး မဟုတ်ပါက သေချာပေါက်အရှုံးနှင့်ရင်ဆိုင်ရမည်သာ။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now