44

6.2K 777 11
                                    

Chapter 44

စုကျီနန်ကလည်း အံ့အားသင့်စွာဖြင့်ပါးစပ်ကို အုပ်လိုက်သည်။ လော့ဝမ်ချွမ်း...သူဒါကိုဘယ်ကသိလာခဲ့တာလဲ...

လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲဘက်သို့လှည့်ကာ "ညီလေးယွမ်...ငါတို့ ခဏလောက်စကားပြောလို့ရမလား...."

ယွမ်ရှင်းကျဲက ရုတ်​တရက်​ဖြစ်​သွား​သော အဖြစ်အပျက်​ကြောင့်​ ထိတ်​လန့်​နေဆဲပင်။ သူက လော့ဝမ်ချွမ်းခေါ်လိုက်မှသတိပြန်ဝင်လာကာ...

"ရတာပေါ့...."

ရုံးခန်းမှထွက်လာသည့်အချိန်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့်ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့သည်။

လော့ဝမ်ချွမ်းက စင်္ကြံထောင့်ဆီသို့လျှောက်သွားပြီးနောက် ယွမ်ရှင်းကျဲကိုလှည့်ကြည့်လိုက်သည်။

"စီနီယာလော့...ကျွန်တော့်ကိုကူညီပေးတာကျေးဇူးတင်ပါတယ်..."

ယွမ်ရှင်းကျဲက လေးနက်သောအမူအရာဖြင့်ပြောလာသည်။

"ကျွန်တော့်အတွက် သက်သေခံခိုင်းချင်ပေမယ့် အထောက်အထားတွေပါရှာလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...ဒါနဲ့ ဒီအကြောင်းကို ဘယ်လိုသိတာလဲ...."

"ဆရာကျိုးက ငါ့ကိုပြောတာ..."

လော့ဝမ်ချွမ်းက တည်ငြိမ်စွာရှင်းပြလာသည်။

"အဲ့ဒါနဲ့လမ်းတစ်လျှောက်က ကင်မရာတွေကိုစစ်ဆေးကြည့်ခဲ့တာ..."

ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူလိုက်ကာ...

"ကျွန်တော် ခင်ဗျားကိုဘယ်လိုကျေးဇူးဆပ်ရမယ်မှန်းမသိဘူး...ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားမက်ခါကို အခမဲ့မွမ်းမံပေးခွင့်ရချင်ပါတယ်...သီးသန့်မက်ခါပြင်ဆရာဆိုတာကတော့..."

"အခုချက်ချင်းအဖြေပေးစရာမလိုပါဘူး..."

လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို မျက်ဝန်းများမှေးကျဥ်း၍  စိုက်ကြည့်လိုက်သည်။

“ကိုယ်မင်းကို သီးသန့်မက်ခါပြင်ဆရာအဖြစ်ငှားချင်တာကြာပါပြီ...ဒါပေမယ့်အခုကတော့ မင်းကိုကူညီဖို့သက်သက် အဲ့တာကိုထည့်ပြောလိုက်တာပါ...”

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now