22

6.5K 856 0
                                    

Chapter 22

"သူ​ကျောင်းကထွက်ရမထွက်ရမင်းမှာဘယ်တုန်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသွားတာလဲ"

လေးနက် ကျယ်​လောင်​သောအသံတစ်ခုကဖြတ်​ပြောလာခဲ့သည်။ ကျိုး​ဖေးရွယ်က ယွမ်ရှင်းကျဲ​ဘေးသို့​လျှောက်လာကာ ​အော်ရီရယ်နှင့်လုရန်ရှုတို့ပါ​ရောက်လာခဲ့သည်။

"ရှင်းကျဲကအခုငါတို့အတန်းရဲ့ပထမ​နေရာ၊ ပထမနှစ်ရဲ့မျိုး​စေ့​ကောင်း​လေးဖြစ်​နေပြီ"

​အော်ရီရယ်က ချီယုအား​လှောင်​ပြောင်စွာကြည့်လျက် "သူ့ကို​ကောင်း​​ကောင်း​လေ့လာဖို့​ပြော​နေတာ မင်းမရှက်ဘူးလား"

လုရန်ရှုသည်လည်းစုကျီနန်အားရွံ့ရှာစွာကြည်ြလျက်

"တချို့လူ​တွေကိုယ့်အတွက်ကိုယ်ပဲပူဖို့ ငါ​ပြောချင်တယ်" ထိုလူသုံး​ယောက်ရုတ်တရက်​ရောက်လာခြင်းက ချီယုနှင့်စုကျီနန်အား​နေရာတွင်​အေးခဲသွား​စေသည်။ ​ဘေးပါတ်၀န်းကျင်၏မျက်လုံးတို့က သူတို့အားဤ​နေရာတွင်ဆက်ရပ်မ​​နေရဲ​အောင်ပြုလုပ်​နေခဲ့သည်။

ယွမ်ရှင်းကျဲ၏မထူးမခြားနား​သောမျက်နှာကိုမြင်လျှင် ချီယုက ​ဒေါသထွက်စွာ ​ထေ့​ငေါ့လိုက်သည်။

"မင်း ဒီပထမနှစ်ဘယ်​လောက်​တောင်​တော်​နေနိုင်မလဲကြည့်ကြတာ​ပေါ့၊ ဗျူ​ဟာ​လေး​ကောင်းမှု​ကြောင့်နိုင်သွားတာများ ၊လာမယ့်PKပွဲ​တွေဒီ​လောက်လွယ်မယ်ထင်​နေလား၊ နှစ်​လေးခုပဲယှဥ်လိုက်ဦး ၊ ငါတို့နဲ့​တွေ့တာနဲ့မင်းထွက်ရပြီသာမှတ်"

"မင်းနဲ့​တွေ့ရမှာဟုတ်လား"ယွမ်ရှင်းကျဲရုတ်တရက်ရယ်လိုက်ကာ ပထမဆုံးအကြိမ်အဖြစ် ချီယုကိုပြုံးပြလိုက်ပြီး ​အေးစက်​သောမျက်၀န်းများဖြင့်ကြည့်လျက်

"​ကောင်းတာ​ပေါ့၊ ငါလည်းအဲဒါကိုပဲလိုချင်​နေတာ"

ချီယုမှာ ယွမ်ရှင်းကျဲမှမိမိအားဤသို့ပြန်ခံပက်လာလိမ့်မည်မထင်ထား​ချေ။ စက္ကန်အနည်းငယ်ကြာပြီး​နောက် သူကဆိုးရွားလှ​သောအမူအရာဖြင့်ပင်ထွက်သွား​တော့သည်။ စုကျီနန်လည်း​​ကြောက်​ကြောက်လန့်လန့်နှင့် ချီယု​နောက်မှ​ပြေးလိုက်သွား​တော့သည်၊

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Tahanan ng mga kuwento. Tumuklas ngayon