1 🌱

39.8K 1.4K 66
                                    

( Zawgyi )

" Park Chan Yeol...
အဲ့ဒါဘယ်သွားမလို့လဲ..."

ဆိုသည့် ဖေဖေ့၏ အမေးအား

" ဆိုင်ကယ်သွားစီးမလို့ ဒယ်ဒီ..."

ဆိုသည့် တိုပြတ်ပြတ်အဖြေနှင့်သာ
ပြန်ဖြေခဲ့ကာ ဆိုင်ကယ်သော့ကိုဆွဲပြီး
တဇွတ်ထိုး ထွက်သွားသည့်
ကျွန်တော်တို့၏ ညီအငယ်ဆုံး
Park Chan Yeol ပါလေ...

" အဲ့ဒါပဲလုပ်နေ...အဲ့လို
အရည်မရ အဖတ်မရတွေပဲလုပ်...
ဝယ်ပေးထားတဲ့ ကားတွေကိုလည်း
အားနာဦး...အဲ့ဆိုင်ကယ်ကိုလည်း
ကြပ်ကြပ်စီး...မျက်စိထဲ
ကန့်လန့် ကန့်လန့်နဲ့...တစ်ခုခုဖြစ်မှ..."

ဆိုသည့် ဖေဖေ့၏စကားတောင်
မဆုံးသေးခင် ဖြတ်ပြောလိုက်သည့်
မေမေ့၏အသံ.....

" ဟယ် ဖေကြီး...
ကလေးကို ဘယ်လိုပြောလိုက်တာလဲ...
နမိတ်မရှိ နမာမရှိတွေ..."

ဟု မေမေက ဝင်ကာတားတော့...

" ဖေ ပြောတာက Accident
ဖြစ်မှာစိုးလို့ပြောနေတာ မေ...
မေ့သားလုပ်ပုံကိုလည်း ကြည့်ဦး....
မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်
ဘယ်လိုလုပ်မလဲ...."

အိမ်တွင် မိသားစု ငါးယောက်ရှိကာ
ဖေဖေ ၊ မေမေနှင့် ကျွန်တော်တို့
ညီအစ်ကိုသုံးယောက်...

Park Group လုပ်ငန်းအားလုံးသည်
ဖေဖေ၏ ပျိုးထောင်မှုအောက်တွင်
ကောင်းကောင်းလည်ပတ်နေသည်...

လုပ်ငန်းခွဲတစ်ခုဖြစ်သော
Park Diamond ဆေးရုံကြီးကတော့
ဆေးရုံအုပ်ဖြစ်သည့်ကျွန်တော်တို့
မေမေ၏ လက်အောက်တွင် အတော်လေး
နာမည်ရနေပြီဖြစ်သည်....

ဟုတ်ပါတယ် ခင်ဗျားတို့ထင်နေကြတဲ့
အတိုင်းပါပဲ...ဖေဖေသည် မေမေ့ကို
အရမ်းချစ်ပါသည်...

အခုပဲကြည့်လေ ငယ်လေးကို
ဒေါသထွက်ပြီး အော်နေရာကနေ
မေမေ့အသံကိုလည်းကြားရော
ချက်ချင်းကို ပြန်လည် တည်ငြိမ်သွားပုံက
ကျွန်တော်တို့တောင် သြချရလောက်သည်...

" ငယ်လေးက အဲ့လောက်
စီးတာမကြမ်းပါဘူး ဖေဖေရယ်...
သူလည်း ချင့်ချိန်တတ်ပါတယ်.....
သူ့ကိုယ့်သူ ဒုက္ခဖြစ်အောင်တော့
မလုပ်ပါဘူး...."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now