88 😚

6.6K 845 23
                                    

( Zawgyi )

ကလေးလေးထွက်သွားတော့မှ

“ ဟျောင့်....မင်းကလည်း
ကလေးကိုဘာလို့ အဲ့လိုကြီး
ပြောလိုက်တာလဲ....”

“ ဟုတ်တယ်လေ...ဘာလို့တားမှန်းသိရဲ့နဲ့
ဆိုးချင်နေတာ... “

“ ဒါပေမယ့်လည်းကွာ...
အေးဆေးပြောလည်းရနေတာကို
ကလေးနဲ့အပြိုင်ရွဲ့ပြီးပြောတာလဲ...”

“ ဟ...ငါ အေးအေးဆေးဆေး
ပြောတာပဲလေ....အဲ့ဒါကို
အတင်းသောက်ချင်နေတာ...
မင်းတို့လည်း မြင်တာပဲ....”

ဟု အဖော်ဆွယ်လိုက်ပေမယ့်

“ ဘာပဲဖြစ်ဖြစ် ငါတို့မြင်တာလည်း
မင်းရွဲ့တယ်ပဲမြင်တယ်...
ဟိုကလေးလည်း အဲ့လိုပဲထင်သွားမှာပဲ...”

“ မသိဘူး...လွှတ်ထားလိုက်...”

ဟု ပြောလိုက်တော့ ငဂျုံက

“ အပိုတွေလုပ်မနေပါနဲ့ကွာ...
နေနိုင်ချင်ယောင် ပစ်ထားနိုင်ချင်ယောင်
လာဆောင်မနေနဲ့...သွားပြီးပြေးချော့ချင်လို့
ဖင်က တကြွကြွဖြစ်နေပြီးတော့မှ
လွှတ်ထားလိုက်လေး ဘာလေးလုပ်နေတယ်...
သွား မြန်မြန်သွားချော့ချေ...”

“ မချော့ပါဘူးကွာ...ရတယ်..
ခဏနေရင် စိတ်ပြေသွားလိမ့်မယ်...”

“ ငချန်း မင်းရဲ့ကလေးအကြောင်းကို
မင်းအသိဆုံးနော်...ကောက်တေးလေးကို
မြန်မြန်သွားချော့လိုက်...တော်ကြာ
ငါတို့ကိုပါ စိတ်ကောက်နေဦးမယ်...”

“ ..... “

သူတို့ပြောနေသည်များကို ဘာမှပြန်မပြောဘဲ
ဝါးနေသော အသားကင်အချို့ကို
ဘီယာနှင့်မျှောချပစ်လိုက်သည်...

“ငါတို့ကိုလည်း ရှက်မနေနဲ့...
မင်းကအကြီးပဲ ချော့ရမှာက မင်းတာဝန်...
သွားချော့ချေသွား...”

“ မသွားချင်ပါဘူးကွာ...
စကားကောင်းကောင်းပြောနေတာကို
တစ်စိတ်ရှိ စိတ်ပဲကောက်ချင်နေတာ...
လွှတ်ထားလိုက်...စိတ်ပြေရင်
ပြန်ထွက်လာလိမ့်မယ်....”

" စိတ်မပြေရင်ရော..."

" စိတ်မပြေတော့လည်း ဆက်ကောက်ပေါ့
ဒါပဲရှိတာကို..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now