[ Zawgyi ]
" ဟိတ်...တစ်ယောက်တည်း
ဘယ်သွားမလို့လဲ...သင်တန်းလား... Chanyeolက လိုက်မပို့ဘူးလား... "တစ်ယောက်တည်း လမ်းလျှောက်လာစဉ်
ဘေးနားလေးကို ကားထိုးရပ်လိုက်ကာ
စကားလှမ်းပြောသည်ကြောင့်
ကြည့်လိုက်တော့အာ...ဟိုနေ့က အိမ်ပြန်လိုက်ပို့တဲ့
ကိုကြီးပဲ...စကားပြောမလို့
အရှိန်ယူလိုက်သော်လည်း
ခေါင်းထဲတွင် ကိုကို့ကို ဖြတ်ခနဲ
သတိရသွားသည်ကြောင့်
လိုရင်းတိုရှင်းသာ ပြန်ဖြေလိုက်သည်..." ဟုတ်...ကိုကိုက
အိပ်ချင်သေးလို့တဲ့..."" ဟ...Chanyeol ကတော့
စံပဲဟေ့...လာလေ...တက်
ကိုယ် လိုက်ပို့မယ်...."အရင်တစ်ခါကလည်း
ဒီကိုကြီးကားနဲ့ လိုက်သွားလို့
ကိုကိုက င့ါကို စိတ်ဆိုးတာ...
ဒီတစ်ခါပါ ထပ်လိုက်သွားရင်
ကိုကို ငါ့ကိုသတ်လိမ့်မယ်..." ရတယ်... Baek ဘာသာ
သွားလိုက်မယ်..."" သင်တန်းအထိ တစ်ယောက်တည်း
သွားမလို့လား...ဘယ်လိုသွားရတာလဲ
သိလို့လား...ဘာကားစီးရမလဲရော
သိလို့လား..."ဟုမေးလိုက်တော့...
ခေါင်းလေး ခါပြပြီး" ရတယ်...Baek မှတ်တိုင်မှာ
ဘာကားစီးရမလဲဆိုတာ
ကြည့်လိုက်မယ်...ခေါ်ပေးလို့
ကျေးဇူးတင်ပါတယ်..."ဆိုပြီး ခေါင်းငုံ့ပြပြီး
အရိုအသေပေးလိုက်တော့
ထို ကိုကြီးက ရယ်ပြပြီး..." ဟုတ်ပြီဗျာ....
အဲ့ဒါဆိုလည်း ဂရုစိုက်ပြီး
သွားဦးနော်...ကိုယ်သွားပြီ..."ဟုခပ်အေးအေးပဲ ပြောကာ
ထိုအစ်ကိုကြီးကားက ကျွန်တော့နားကနေ
ဖြတ်ပြီးမောင်းသွားတော့မှ
သက်ပြင်းချလိုက်မိတော့သည်...လမ်းဆက်လျှောက်သွားလိုက်ရင်း
လမ်းပေါ်က ခဲလုံးသေးသေးလေးကို
ကန်ပစ်လိုက်ပြီး..."ဟွန်း...ငါကသာ
ကိုကို မကြိုက်တာကို တွေးပြီး
ကိုကို့ကွယ်ရာမှာလည်းမလုပ်ပေမယ့်
ကိုကိုကတော့ သင်တန်းလေးတောင်
လိုက်မပို့ဘူး...."" တီ...တီ..."
" အောင်မလေးဗျ...လန့်လိုက်တာ..."
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...