80 😙

8.4K 845 75
                                    

( Zawgyi )

ကျွန်တော်က အရင်ဆုံးနိုးနေကာ
အိပ်မောတကျနှင့်အိပ်ပျော်နေသော
အီးပေလေးအား သူ့ဘေးတွင်
ဘေးတစ်စောင်းပုံစံခေါင်းကို
လက်ဖြင့်ထောက်ကာလှဲနေပြီး
သူ့ကိုကြည့်နေစဉ်

“ အင်းးးးး ဟင့် ခေါင်းကိုက်တယ်....”

ဟု မျက်လုံးကမဖွင့်ရသေး တစ်နေ့တာကို
အရင်ဆုံး အချွဲပို့စ်နှင့် စတင်သည်...
ကျွန်တော့မှာ မျက်ခုံးပင့်ပြီး သူ့ကို
နားမလည်ဟန်ကြည့်လိုက်မိသည်...
အဲ့လို ချွဲလို့ရလား...

“ ဟင့်...ခေါင်းကိုက်တယ်...”

ဟု ထပ်ကာ ပြောလာပြန်သည်....

“ ကိုက်မှာပေါ့...မနေ့ညက
အသားကုန်သောက်ထားတာကိုး...”

ဟု အမြင်ကပ်ကပ်နှင့်ပြောလိုက်တော့
ကျွန်တော့အသံကိုကြားလိုက်သည်ကြောင့်
ချက်ချင်းမျက်လုံးကလေးကိုဖွင့်ကြည့်ကာ
ပြုံးပြပြီး

“ ကိုကို...မောနင်း...”

ဟု နှုတ်ဆက်ကာ ပြန်အိပ်ရန်လုပ်နေသည်...

“ ထ...တမယ်... အမူးသမားလေး
ရေမိုးချိုး...အမူးပြေဟင်းရည်
ချက်ထားတယ်...”

ဟုပြောလိုက်တော့ သူလေးက
မျက်နှာလေးကိုမော့ကာ မျက်လုံးမဖွင့်ဘဲ

“ ဟီးးးဟီးးးး မနေ့က Baekသောက်တာ
နည်းနည်းများသွားတယ်ထင်တယ်နော်...”

“ နည်းနည်း ကလို့လား...”

ဟု သူ့နှာခေါင်းလေးကို ညှစ်ကာ
မေးလိုက်တော့ နှာခေါင်းလေးကို
ရှုံ့ပြကာ

“ နည်းနည်းပါ ကိုကိုရဲ့...”

ဟု ပြန်ဖြေရင်း ကျွန်တော့ဘက်ကို
တိုးလာကာ ရင်ခွင်ထဲကို မျက်နှာလေးတိုးပြီး
ညာတာပါတေးနှင့်ပြန်အိပ်ရန် လုပ်နေသည့်
အီးပေလေးအား

“ အီးပေလေး ထ...
စကားရောဖောရောနဲ့
ပြန်အိပ်ဖို့လုပ်မနေနဲ့...ထ...”

“ ဟင့်...ခေါင်းကိုက်တယ်...”

“ ကိုက်မှာပေါ့....
အဲ့လောက် တားနေတဲ့ကြားကနေ
ဇွတ်သောက်တာကိုး...”

“ ကိုကိုကလည်း...Baekက ပျော်လို့ပါ...”

“ ဪ...ခင်ဗျားလေးကတော့
ပျော်လို့သောက်တယ်...ကျုပ်ကတော့
မပျော်လို့ မသောက်ရဘူးလား...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now