25 😤

10.9K 1.1K 111
                                    

[ Zawgyi ]

“ ဟိတ်...ကလေးလေး...
တစ်ယောက်တည်းလား...
မင်းရဲ့ကိုကိုဆိုတဲ့လူရော
လာမကြိုဘူးလား...”

လာပြန်ပြီ...ဒီကိုကို...ဒီကိုကို
စိတ်တိုလွန်းလို့ မေ့ထားတာကို
အစလာဖော်ပြန်ပြီ...

ဘယ်လိုလူတွေလဲ မသိဘူး...
တစ်ရက်တစ်ရက်လိုက်နှောင့်ယှက်နေတာ
အလုပ်မရှိဘူးလား မသိဘူး...
တစ်ချိန်လုံး ငါ့အနောက်ပဲ
တကောက်ကောက်လိုက်နေတယ်...

ဟွန်း...ကိုကိုကလည်း
တော်တော်အားကိုးရတယ်...
လာကြိုပါဆိုမှ...လာမကြိုတဲ့အပြင်
ဘယ်​တောင်ရောက်နေမှန်းမသိဘူး...

“ ကိုယ်တို့နဲ့ အအေးလိုက်သောက်ပါလား...
မင်းရဲ့ကိုကိုက လာမှ မကြိုသေးတာ...
ဒါမှမဟုတ် လာမကြိုတော့တာများလား...
ဟားးးးဟားးးးဟားးးးး..."

ဟု နှစ်ယောက်သား ဟားတိုက်ကာ
လှောင်ကြပြန်သည်...

" လာမကြိုလောက်တော့တဲ့
မင်းရဲ့ကိုကို ကို စောင့်ရင်းနဲ့
အအေးလိုက်သောက်လေ...
ကိုယ်ဝယ်တိုက်မယ်...ဘယ်လိုလဲ...”

ဟု မေးနေသည်ကို ပြန်မပြောဘဲ
လမ်းကိုဆက်လျှောက်လာတော့
အနောက်ကနေ ကျွန်တော့ပုခုံးကို
လှမ်းဖက်လိုက်ကာ

“ ဟိတ်...ကိုယ်တို့ကို
စကားလေးဘာလေးပြန်ပြောပါဦး...
မာနခဲလေးရဲ့...”

ဟု ကျွန်တော့ကို သူ့လက်မောင်းနှင့်
ရင်ဘတ်ကြားညှပ်ထားကာ
ပြောလေသည်...ဘယ်လိုပင်ရုန်းရုန်း
ရုန်းမရသည်ကြောင့် စိတ်တွေက
တိုလာသည်...

“ လွှတ်ပေး...”

“ ဟျောင့် မာနခဲလေးက
စကားပြန်ပြောပြီကွ...
စကားပြောလိုက်တော့လည်း
ချစ်စရာလေးပါလား...”

ဟုပြောရင်း ကျွန်တော့ပါးကိုကိုင်ရန်
လုပ်နေသည့် သူ့ခြေထောက်ကို
ကျွန်တော့ခြေထောက်ဖြင့် နင်းချလိုက်ပြီး
သူ့ကိုစောင့်တွန်းကာ အမြန်ထွက်ပြေးလာစဉ် အနောက်ကနေ လိုက်လာကာ....

“ ငါ့ကိုအသားနာအောင် လုပ်တာ
တစ်ခြားလူဆို မလွယ်ဘူးနော်...
ဒါပေမယ့် မင်းလေးကတော့ ခြွင်းချက်...
ဖုန်းနံပါတ်ပေး... ကိုယ်တို့ ညကျရင်
ဖုန်းဆက် လိုက်မယ်လေ...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now