79 🌙

8.1K 987 75
                                    

( Zawgyi )

ဒယ်ဒီ ၊ မာမီနှင့် ကလေးရဲ့ ဒယ်ဒီတို့
မိတ်ဆွေတွေက ပြန်သွားကြပြီး
လူငယ်တွေသာ ကျန်ခဲ့ပြီး
တစ်ဖြည်းဖြည်းနဲ့ ညဥ့်နက်လာပြီး
ပွဲက ပြီးသွားလေသည်...

အလွန်အကျွံမူးနေသောသူများကို
အိမ်တိုင်ရာရောက် လိုက်ပို့ပေးရန်
ကားတွေစီစဉ်ပေးထားသည်ကြောင့်
စိတ်ပူစရာမလိုပေ...

ဘယ်သူ့ကိုမှ စိတ်ပူစရာ မလိုပေမယ့်....

“ ဟင့်အင်း...ဟင့်အင်း...
ကဦးမှာ.... ကဦးမှာပါဆို...”

ဟု အာလေးလျှာလေးဖြင့်
အော်ချင်တိုင်းအော်နေသော
အီးပေလေးအား အိမ်ထဲကို
တွဲခေါ်လာခဲ့သည်...

“ အေးပါ....အေးပါ...
ကမယ်...ကမယ်...ပြီးရင် အတူတူ
ထပ်ကမယ်နော်...”

ဟု ပြောလိုက်တော့ မျက်လုံးမှိတ်ထားပြီး
ပြောချင်ရာပြောနေရာကနေ လက်ညှိုးလေး
တစ်ချောင်းထောင်လိုက်ကာ

“ ပြီးရင် ဟုတ်ရား...ပြီးမှဆိုရင်
အခုက ဘာရုပ်မှာရဲ...”

ဟော စကားမပီ mode ကို
အော်တိုပြောင်းသွားပါပြီဗျာ...

ဟု မျက်လုံးလေးကို နည်းနည်းလေး
ဖွင့်ပြီးမေးလေသည်...

“ အခုက ဘာလုပ်မှာလဲဆိုတော့...
အခုတော့ အင်္ကျီလေးအရင်ချွတ်ရအောင်...”

ဟု ပြောလိုက်တော့ သူ့ကို
ဘာလုပ်မယ်များ ထင်နေလဲမသိ...
သူ့ရင်ဘတ်ကိုသူ လက်ကလေးဖြင့် ကြက်ခြေခတ် ပုံစံလုပ်လိုက်ကာ

" နှာပုကောင်ကြီး...
လာမထိနဲ့နော်....အော်လိုက်မှာ..."

ဟု မျက်လုံးမဖွင့်ဘဲ ကျွန်တော့အား
ရန်လုပ်နေသည်...

" အက်ျီလဲမယ်လေ...
လိမ္မာတယ်နော်... ငြိမ်ငြိမ်နေ...
ကိုယ်လဲပေးမယ်..."

ဟု ထပ်ပြောသော်လည်း...

.“ ဟင့်အင်း...မရဘူး...
ကျွန်တော်က အဲ့လို တွေ့ကရာလူဆီမှာ
အက်ျီမချွတ်တတ်ဘူး...
အဲ့လိုလူမျိုးမဟုတ်ဘူး....”

ဟု ပြောသည့် အကောင်ပေါက်လေးအား
ကျွန်တော့မှာ ပါးစပ်အဟောင်းသားနှင့်
ကြည့်နေမိတော့သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now