57 😢

9.6K 1K 192
                                    


( Zawgyi )

“ အိုကေ...ငါတို့ စုံစမ်းပြီး
အဆင်သင့်ဖြစ်ရင် လှမ်းပြောလိုက်မယ်....
မင်းကိုယ်တိုင်ရှင်းမှာလား...ရှင်းချင်လား...
ငါတို့ ရှင်းခိုင်းပေးရမလား....”

“ ငါကိုယ်တိုင်ရှင်းမယ်...
ငါက ကလေးကို ရှင်းခိုင်းချင်တာ...
ဒါပေမယ့် ငါ့ကလေးစိတ်ထဲမှာ ပိုပြီး
ဒဏ်ရာရသွားမှာစိုးလို့ ငါပဲရှင်းတော့မယ်...

ဟိုကောင့်ကို Clubအထိ ရောက်လာဖို့သာ
အစလေးပျိုးပေးထား....

သြော်...ဒါနဲ့ သားကြီးရေ
ဟိုတစ်ယောက်ကိုဆွဲဆောင်ဖို့
မင်းရဲ့ Sexy ကျမှုအနည်းငယ်တော့
အသုံးပြုရလိမ့်မယ်..."

ဟု သူ့ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ကြည့်ကာ
ပြောလိုက်တော့ ငဂျုံက သူ့ကိုယ်ကို
ကာလိုက်ပြီး

"မင်းတို့တွေနဲ့ သူငယ်ချင်းဖြစ်နေရတာ
ငါ့ကိုငါ မယုံကြည်နိုင်ဘူး..."

ဟု သူ့ရင်ဘတ်ကိုသူ လက်နှင့်ကြက်ခြေခတ်
ပုံစံအုပ်ရင်း ပြောလေသည်...

" အဲ့အတွက်တော့ စိတ်မပူနဲ့...
ဒီကောင့် ဆက်ဆီကို သိတယ်မလား..."

ဟု ငဆယ်က ငဂျုံ့လက်မောင်းကနေ
ရင်ဘတ်ကို ပွတ်ပြီးပြောတော့

"မင်းကြီးတော်ကြီးကို ဆက်ဆီ...
လက်ကို ဖယ်စမ်း..ကြက်သီးထတာကွာ.."

ဟု ငဆယ့်လက်ကို ပုတ်ထုတ်ပြီး
ငဂျုံက ဝင်ဆဲတော့မှ ပြုံးစိစိနှင့်
ငဆယ် ငြိမ်သွားသည်....

" အဲ့ ladyက ငါ့ကိုတွေ့တုန်းကတောင်
ဖုန်းနံပါတ်ကို ကောက်တောင်းထားတာဆိုတော့
ရင်းနှီးဖို့ကတော့ မခက်ဘူး...
မင်းနည်းနည်း လှုပ်ရှားဖို့ပဲလိုတာ...”

“ အိုကေ...အခြေအနေကြည့်
လှုပ်ရှားပြီး ပြန်ပြောမယ်....
ငဆယ် ပြန်ကြမယ်လေ ငါတို့....”

“ အေး... ပြန်မယ်လေ.....
ငချန်း အဲ့ဒါဆို ငါတို့ပြန်မယ်....”

ဟုကျွန်တော့ကို ပြောလာသည်. . .

“ အေးအေး...ကားသေချာမောင်းကြ...”

ဟုပြောနေစဉ် အိမ်ထဲကနေ
ပြေးထွက်လာသည့် ကလေးငယ်....
ပါးစပ်ကနေလည်း

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now