55 😟

9.6K 1.1K 112
                                    

( Zawgyi )

" ကိုကိုကလည်း...."

" တော်ပြီနော်...မဆိုးနဲ့..."
မလုပ်ရဘူးဆို မလုပ်ရဘူးပဲ..."

"ဟွန့်....အဲ့ကိုကိုကလေ $#&*$#&*..."

ဆိုကာ အရှေ့ပိုင်းလေးပဲ ကြားလိုက်ရသည်
အနောက်ပိုင်းက ဘာပြောလို့ပြောမှန်းမသိဘဲ
နှုတ်ခမ်းကချွန်ထွက်နေကာ ပွစိပွစိနှင့်...

" ကောက်သွားပြီထင်တယ်..."

"ရတယ်...ပြီးရင် သူ့ဘာ့သာသူ
ပြန်ပြေသွားလိမ့်မယ်...
မပြေတော့လည်း ချော့ရုံပေါ့..."

ဟု ပြောလာသည့် ငချန်းအား

“ မင်းသူ့ကိုချစ်တယ်လို့ရော
ဖွင့် ပြောပြီးပြီလား....
မင်းအကြောင်းကို သိလို့မေးကြည့်တာ...
မင်းသူ့ကို ပြောပြီးပြီလား...”

ဟု ထပ်လိုက်သည်ကို ခေါင်းရမ်းပြကာ...

“ ဟင့်အင်း...ငါ မပြောဖြစ်သေးဘူး..."

“ ဘာလို့ မပြောတာလဲ...ဒီနေရာမှာ
မာနက သုံးစားလို့ မရဘူးနော်...သိဘို့...
ကိုယ်ချစ်တဲ့လူအပေါ်ကိုတောင်
ချစ်တယ်ဆိုတဲ့စကား မပြောနိုင်...
အလျှော့မပေးနိုင်လောက်အောင်
အတ္တတွေ သိပ်ကြီးလွန်းတာ
မကောင်းဘူး...”

ဟု ငဂျုံက ကျွန်တော့အား စွပ်စွဲလာသည်...

“ ငါ အတ္တမကြီးပါဘူး...”

“ အပိုမပြောပါနဲ့ကွာ...
မင်းငါတို့နဲ့ပေါင်းလာတာပဲ
ဘယ်လောက်ကြာပြီလဲ...မင်းစိတ်ကို
ငါတို့ မသိဘူးများ ထင်နေလား...

မင်းက ချစ်တယ်လို့ မင်းပါးစပ်ကနေ
ပြောထွက်လိုက်ရမှာကိုကြောက်နေတာ...
မင်းဘက်က ချစ်လိုက်တာနဲ့ ရှုံးပြီလို့
ထင်နေတာ...

အရှုံးမခံချင်တဲ့စိတ်ကို
တစ်ခြားနေရာမှာထား...
မင်း ပြောတော့ချစ်တယ်ဆို...
ချစ်ရင်အလျှော့ပေးရမှာပေါ့....

တစ်ခြားတော့မသိဘူး...
မင်းပါးစပ်ကနေ ချစ်တယ်ဆိုတာကို
မပြောနိုင်သေးရင် မင်းသူ့ကို
တကယ်ချစ်တာ မဟုတ်သေးဘူး...

ကိုယ့်ကိုယ်ကိုယ် စဉ်းစား....
မသေချာသေးဘဲကလေးကို
နစ်နာအောင် ဘာမှမလုပ်နဲ့....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Tempat cerita menjadi hidup. Temukan sekarang