5 🌲

12.8K 1.2K 104
                                    

[ Zawgyi ]

" ဟွန့် လိုချင်လို့ဆိုပြီး
လာခေါ်တိုင်း လိုက်စရာလား...
ဒယ်ဒီက မသိတဲ့လူတွေ ခေါ်ရင်
လိုက်မသွားရဘူးလို့ ပြောထားတယ်..."

ဟု ကလေးလေးသဖွယ်
ပြန်ဖြေလာသည်...
မင်းသိပ်ချစ်ဖို့ကောင်းမနေနဲ့
ကလေးငယ်...

" မသိတဲ့လူ မဟုတ်ဘူး...
မင်းငါ့ကို သိတယ်...
ပြီးတော့ မလိုက်လို့မရဘူး....
မင်းကို လာခေါ်တာမို့
လိုက်ကို လိုက်ရမှာ..."

ဟု ထပ်ပြောလိုက်တော့

" Baek အဲ့ဒီ့ဘက်ကို တကယ်မသိဘူး...
နောက်ပြီး လိုက်လည်း မလိုက်ပါဘူး...
ဘယ်လိုဖြစ်လို့ အတင်း
လိုက်ခေါ်နေတာလဲ..."

ဟု အလိုမကျသည့် အသံလေးဖြင့်
ပြောလာသည်....

" မလိုက်ဘူးဆိုတာ သချာလား...
ပြီးရောလေ အဲ့ဒါဆိုလည်း
ငါသွားတော့မယ်...
မင်းရဲ့ဒယ်ဒီက ငါ့မာမီနဲ့ဒယ်ဒီတို့ကို
အကူအညီတောင်းထားတယ်ဆိုလား
မသိဘူး...အဲ့ဒါကြောင့်လာခေါ်တာကို
မလိုက်ရင်လည်း ပြီးရောလေ...
အဲ့ဒါဆို ငါသွားပြီနော်..."

ဟုပြောလိုက်တော့မှ ချက်ချင်းကို

" အာ...အခုပြောနေတာက
ကိုကို Chanyeollie လား..."

ဟု ပြန်မေးလာသည်....
ဟော သူလေး ကျွန်တော့ကို
သိနေသည်ပဲ...နောက်ပြီး
ကျွန်တော့ကို ခေါ်လိုက်သည်က
ကိုကို တဲ့လား....

ကျွန်တော်ကိုယ်တိုင်
သူလေးနှင့်တွေ့ရင် အနိုင်ကျင့်ပြီး
ခေါ်ခိုင်းမည်ဟု တွေးထားသော
နာမ်စားအား မတွေ့ရသေးခင်မှာတင်
သူလေးဆီမှ မစေခိုင်းရပါဘဲ
ကြားရသောအခါ လူက
အလိုလိုနေရင်း ပြုံးမိသွားသည်...

အဲ့ကိုကိုကလေ အစောကြီးကတည်းက
ငါ့နာမည်က ဘယ်သူပါ...
ဘာကြောင့် မင်းကိုလာခေါ်တာလို့
ပြောလိုက် ပြီးနေတာပဲကို
လူကိုလာနောက်နေသေးတယ်...
အဲ့တော့ ကျွန်တော်
ဘုတောတောတာကို ခံရရောပေါ့....

ဖေဖေက ခရီးမထွက်ခင်နေ့ 
ညကတည်းက ကျွန်တော့ကို
သူ့ အခန်းထဲကိုခေါ်ကာ
ပြောစရာရှိသည်များကို ပြောခဲ့သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Opowieści tętniące życiem. Odkryj je teraz