[ Zawgyi ]
" ငယ်လေး...ကိုကြီးကို ကြည့်...
ကိုကြီးပြောပြစရာရှိတယ်..."ဟုပြောလိုက်တော့
ကျွန်တော့ကိုကြည့်လာကာ
ငြိမ်ပြီးနားထောင်နေသည်..." ကိုကြီးတို့အိမ်ကို
ကလေးတစ်ယောက်
အပြီးပြောင်းလာမယ်...
ဒီမှာလာနေမှာ...အဲ့ကလေးက
ငယ်လေးထက် ငယ်တယ်...
နောက်ပြီး သူက ဒီမှာပဲ
တစ်သက်လုံးနေတော့မှာ...."" ဟင်..."
ကျွန်တော့စကားအဆုံး
သဘောမကျသည့်အရိပ်အယောင်များ
ပါနေသည့် တွန့်ချိုးထားသည့်
မျက်ခုံးတစ်စုံနှင့် ထွက်လာသော
အသံလေးကြောင့်..." နေဦး...ကိုကြီးပြောပြတာတွေကို
ပြီးအောင် အရင်နားထောင်ပေး....
ပြီးမှ သိချင်တာရှိရှိ မကျေနပ်တာရှိရှိ
သဘောမတူတာရှိရှိ ပြန်မေး ပြန်ပြော...
ဟုတ်ပြီလား..."ဟု တစ်ခါတည်း ဖြတ်ပြောလိုက်မှ
ဘာမှထပ်မပြောတော့ဘဲ
ခဏတာ ငြိမ်ကျသွားလေသည်...ဖေဖေပြောပြထားသည့်
အကြောင်းအရာများထဲမှ
သူ မငြင်းနိုင်လောက်မည့်
အချက်အလက်များကိုသာ
အတိုချုံ့ကာအလေးပေးပြီး
သူ့ကိုပြောပြလိုက်တော့...
ခေါင်းလေးတစ်ညိတ်ညိတ်ဖြင့်
သေချာနားထောင်နေလေသည်...အငယ်ဆုံးလေးက အဖေအမေတွေ
အစ်ကိုတွေကိုအပေါ်တွင်သာ
ဆိုးပြီး ဂျီကျတာလေးပဲရှိတာ
သဘောမကောင်းသည့်
နားလည်မှုမရှိသည့်
ကလေးမဟုတ်သည့်အတွက်
အခု ကျွန်တော့စကားအဆုံး
သူဘာပြန်ပြောမလဲဆိုတာကို
အားလုံးက သိချင်နေ၍
စောင့်နေကြစဉ်" သနားပါတယ် ကလေးလေးကို..."
ဆိုသည့်စကားအား သူ့ပါးစပ်ကနေ
ထွက်ကျလာတော့ ကျွန်တော်တို့
လူကြီးလေးယောက်မျက်နှာက
အကြံအစည် အောင်မြင်သွားသလို
ခံစားလိုက်ရ၍ ပြုံးပြုံး ပြုံးပြုံးဖြစ်နေစဉ်
သူထပြောလိုက်သည့်စကားကြောင့်
ကျွန်တော်တို့တွေ နင်တောင်သွားသည်...." ခေါ်လိုက်လေ...သူရောက်လာရင်
ဘာပဲဖြစ်ဖြစ် သားဆော့ဖို့
အရုပ်ကလေးတစ်ရုပ်ရတာပေါ့..."တဲ့လေ.... ဘုရားရေ...
သူဆော့ဖို့ကျွန်တော်တို့က
သက်ရှိအရုပ်ဝယ်ပေးထားတယ်များ
ထင်နေလားမသိ...
आप पढ़ रहे हैं
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
फैनफिक्शनChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...