83 😞

6.7K 960 115
                                    

( Zawgyi )

“ ဟျောင့်....ဘာဖြစ်လာတာလဲ...
မျက်နှာက မသာမယာနဲ့ လာထိုင်မနေနဲ့...
မင်းမျက်ခွက်ကြီးကြောင့် လာဘ်ပိတ်မယ်...”

ဟု စလာသော ငဂျုံအား
ပြန်ရန်တွေ့ချင်စိတ်တောင် မရှိတော့ပေ...

“ ဟျောင့်...တစ်ခုခုဖြစ်တယ်ဆိုလည်း
ပြောပြ...ကူလို့ရလည်း ကူရအောင်...”

ဟု ထပ်ပြောလာတော့

“ ဟင်းးးးးးးး...”

ဟု သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်တော့
ငဂျုံရော ငဆယ်ရောက လေပြင်းတိုက်သလို
ခုံတွေဘာတွေကို ကိုင်ကာ

“ အားးးးးး မုန်တိုင်း မုန်တိုင်း...”

ဟု အော်ကာ ဆော့နေသည့် သူတို့
နှစ်ယောက်ကိုကြည့်ပြိး ပြုံးမိသွားသည်...
ကျွန်တော် ပြုံးတော့မှ

“ ဘယ်လိုဖြစ်လို့ သက်ပြင်းတွေ
စွတ်ချနေတာလဲ... မင်းနှာခေါင်းက
ထွက်လာတဲ့လေက မြေကြီးတောင်
အက်နိုင်တယ်... ဘာတွေညစ်...”

ဟု မေးသည့် ငဂျုံ့စကားအား ကျော်ကာ
ငဆယ်က

“ဟိုကလေးနဲ့ ပြသနာတက်လာတာလား...”

ဟု မေးလာသည်ကြောင့်
ကျွန်တော် စိတ်တိုသည့်အကြောင်းအရာကို
ရောက်လာသည်ကြောင့် မပြောချင်တော့၍
ဆုံလည် ဆိုဖာထိုင်ခုံပေါ်သို့
ခေါင်းမှီချလိုက်ကာ မျက်လုံးကို
မှိတ်ထားလိုက်သည်...

ဟိုကလေးအကြောင်းကို ပြောတော့မှ
ငချန်းဖြစ်သွားသည့် ပုံကိုကြည့်ပြီး
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို
တစ်ယောက် မျက်ခုံးပင့်ကာ
ကြည့်မိလေသည်....

သေချာနေပြီပေါ့...
ဒီကောင် ဒီလိုရုပ်ဖြစ်လာတာ
ဟိုကလေးနဲ့ ဆက်စပ်နေတယ်ဆိုတာ...
ငဂျုံက အပြင်က ဝန်ထမ်းတွေဆီကို
အအေးလှမ်းမှာနေစဉ်

“ ဒီနေ့ ငါ့ကို လာမကြိုနဲ့တဲ့...
သူ့သူငယ်ချင်းတွေနဲ့ မုန့်သွားစားမလို့တဲ့...”

ဟု ဖွင့်ပြောပြလာသည်ကြောင့်

“ အင်း...”

ဟု စကားထောက်ပေးလိုက်သည်...

“…………… “

“ အဲ့တော့ ဘာဖြစ်လဲ....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now