10 🍂

12.1K 1.2K 85
                                    

[ Zawgyi ]

" ဟျောင့် ငချန်း သောက်လေကွာ
နည်းနည်းလောက်ဖြစ်ဖြစ်..."

" ငါ ဆိုင်ကယ် မောင်းရဦးမှာလေကွာ
ငဂျုံရာ...ငဆယ်နဲ့သာ သောက်စမ်းပါ..."

သူငယ်ချင်းသုံးယောက်
ကျောင်းတက်ကတည်းက
အမြဲထိုင်နေကျ ဆိုင်လေးတွေထဲက
တစ်ဆိုင်ဖြစ်သော ဒီဆိုင်လေးသည်
ကြက်ကြော်နှင့် ဘီယာကိုသာ
Specialist ရောင်းသော
ဆိုင်လေးဖြစ်တာကြောင့်
ကျွန်တော်တို့လို အဖွဲ့လိုက်ကလေးတွေသာ
လာစားကြသည်က များသည်...

ကျောင်းသားအဖွဲ့ကလေးတွေလည်း
ရှိသလို ကျွန်တော်တို့လို
ကျောင်းပြီး၍ ဘွဲ့ရပြီးသည့်တိုင်အောင်
ထိုင်နေကြတုန်းဖြစ်သည့်
လူများလည်း ရှိသည်...
ငဂျုံက ဘီယာကို တစ်ငုံသောက်လိုက်ကာ

" အဲ့တော့ ပြောပါဦး...
ဟိုကလေးက အိမ်ရောက်လာပြီလား..."

ကျွန်တော်ကတော့ Sprite ဗူးကိုသာ
ဖောက်သောက်ရင်း

"အင်း... ရောက်လာပြီ..."

" အခြေအနေ..."

" ဘာ အခြေအနေလဲ...
အားလုံး fine တယ်...
စိတ်ကလေးနည်းနည်း
တိုရတာကလွဲလို့..."

" ဘာဖြစ်လာလို့လဲ.."

" ငါနဲ့တော့ မဆိုင်ပါဘူးကွာ...
အဲ့ကလေးကြောင့်ပါ...သူ့အိမ်က
သူ့ကိုအနိုင်ကျင့်တယ်ဆိုတဲ့ လူတွေကို
စိတ်တိုလာလို့..."

ဟုပြောလိုက်တော့ ငဆယ်က

" မင်းနဲ့လည်း မဆိုင်ဘဲနဲ့..."

" အေးလေ ငါပြောပါတယ်...
ငါနဲ့မဆိုင်ပါဘူးလို့..."

" ဘာတွေဖြစ်လို့..."

" ပေါ်တင်ကြီးတွေယုတ်တာကွာ သိလား...
အနိုင်ကျင့်တာတွေကို ဒီအတိုင်း
ငြိမ်ခံနေလို့ ဒေါသထွက်လာတာ...
ငါ့ကျတော့ တစ်ခွန်းမကျန်
ပြန်ခံပြောတယ်..."

" မင်းက ဘာတွေသွားပြီး
စလဲမှ မသိတာ..."

ချစ်ဖို့ကောင်းချက်ပဲ...
သူငယ်ချင်းတွေဆိုတော့
ဟိုဘက်အပြစ်ကို မပြောဘဲ
ကျွန်တော့အပြစ်ကို အရင်တွေးတာ

" ဘာမှ မစဘူး...
မစဘဲနဲ့ကို မကြောက်တာ ငါ့ကို..."

" မင်းကိုကြောက်စေချင်လို့လား..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀जहाँ कहानियाँ रहती हैं। अभी खोजें