87 😒

7.8K 909 57
                                    

( Zawgyi )

ဒီတစ်ပတ်ပိတ်ရက်ကို
ဘယ်ကိုမှမသွားချင်တာကြောင့်
ကျွန်တော်တို့အိမ်လေးတွင်
သူငယ်ချင်းသုံးယောက်ဆုံကာ
ဟော့ပေါ့လေးလည်းစားကာ
အသားကင်နှင့်အရက်သောက်ရန်
စီစဉ်ထားကြသည်...

ပြောစရာရှိသည်များလည်းပြောကာ
အလုပ်ကိစ္စများလည်း ဆွေးနွေးကြမည်ဟု
ရည်ရွယ်ထားတာကြောင့်
မနက်ရှစ်နာရီလောက်ကတည်းက
ကျွန်တော်တို့ အိမ်အသစ်တွင်
လာစုနေကြပြီဖြစ်သည်....

အသားတွေ စားစရာတွေအကုန်လုံးကို
သူတို့ပဲဝယ်လာကာ ကျွန်တော်ကတော့
သောက်စရာကိုသာ အပြည့်ပြင်ဆင်
ထားပါဟု ပြောသည်....

အသားကင်ရန်နှင့် ဟော့ပေါ့စားရန်အတွက်
ခြံထဲတွင် ပြင်ဆင်ထားချိန်ကတည်းက
သူလေးကလည်း ဝိုင်းပြီး ရှုပ်ပေး
အဲလေ မှားလို့...ပြင်ဆင်ပေးလေသည်...

ဟိုဟာလေးပြေးယူပေးလိုက် ဒီဟာလေး
ပြေးယူပေးလိုက်ဖြင့် ကူပေးနေသည်...
လို့ပဲ ထားပါတော့...

“ ကိုကို့... "

" ဗျာ..."

ဟု ထူးလိုက်တော့

" ကိုကိုကလေ Baekကို
ဘာလို့ ချစ်တာလဲ...”

ဟု အရင်းမရှိ အဖျားမရှိ
ထမေးလိုက်သည်ကြောင့်
အသီးခွာနေရင်း ကျွန်တော်
သူ့ကိုလှည့်ကြည့်လိုက်မိသည်...ပြီးတော့

" ဘယ်လိုဖြစ်လို့ အရင်းမရှိ အဖျားမရှိ
ကောက်ခါငင်ခါ ထမေးတာလဲ..."

ဟု ပြန်မေးလိုက်တော့ သူက

" အရင်ဖြေပါ ကိုကိုရာ..."

ဟု ပြောလာသည်ကြောင့်

“ ဘာလို့ထင်လဲ...”

ဟု ပြန်မေးလိုက်တော့

“ Baek အရင်မေးတာလေ...
Baekကိုပြန်မမေးနဲ့လေ ကိုကိုကလည်း...”

ဟု ကျွန်တော့ကိုပိတ်လာသည်...

“ အဲ့ဒါဆို မင်းကရော ကိုယ့်ကို
ဘာလို့ ချစ်တာလဲ...”

“ ဟာ... ပြန်မမေးပါနဲ့ဆို...”

“ ဒါ ပြန်မေးတာ မဟုတ်ဘူးလေ...
သပ်သပ်မေးတာ...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now