36 😁

10.2K 1.1K 102
                                    


( Zawgyi )

“ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးက
တောကစားထွက်တယ်တဲ့...
တောကစားထွက်တယ်ဆိုတာကို သိလား..."

ဟုမေးလိုက်တော့ ခေါင်းလေးညိတ်ပြကာ

" အကောင်လေးတွေကို
လိုက်သတ်တာလေ..."

အေးကောင်းရော....
သူပြောမှ ရှင်းသွားတာပေါ့....

" အကောင်လေးတွေကို
လိုက်ဖမ်းတာပါကွာ...."

" ဟင်.... မဟုတ်ဘူးလေ....
သူက မြားတွေနဲ့ပစ်ပြီးတော့ ပြီးရင်လည်း
ပြန်မှမလွှတ်ပေးတာကို အဲ့ဒါသတ်တာပေါ့..."

ဆရာထက် သားတစ်လကြီးနေတဲ့
ထိုခွေးပေါက်နှင့် ပြိုင်မငြင်းတော့ဘဲ

" အေးအေး ဟုတ်တယ်....
သတ်တာကွာ...သတ်တာ ဟုတ်ပြီလား...
သူ့ဖြေရှင်းနေတာနဲ့ ပြောမယ့်ပုံပြင်တောင်
ဘယ်ရောက်သွားမှန်းမသိဘူး....
မပြောတော့ဘူး...သွား..."

ဟု စိတ်ပေါက်ပေါက်နှင့်ပြောလိုက်တော့
သူက မျက်နှာချိုသွေးကာ

"ဟီးးးးးးဟီးးးးးး
Baek ဘာမှ ထပ်မပြော​တော့ဘူးလေ...နော်
ပြောပြပါ ကိုကိုရဲ့...."

ဟု ကျွန်တော့နားကို တိုးလာကာ
ချွဲလာသည်ကြောင့်

" အဲ့လို တောကစားထွက်ရာကနေ
သူ့လက်ကဒဏ်ရာရသွားတယ်တဲ့..."

"အဲ့ဒါနဲ့ နန်းတော်ကိုပြန်ရောက်တော့
သမားတော်ကြီးကို သူကကုခိုင်းတယ်...
သူ့လက်ကိုဆေးကုနေတဲ့အချိန်မှာ
ဘုရင်ကြီးက မေးတယ်တဲ့....
သူ့လက်က ပြန်ကောင်းမယ်မလား
ဆိုပြီးတော့တဲ့...

သမားတော်ကြီးက
Good ? Bad ? Who khows ?
ဆိုပြီး ပြန်ဖြေလိုက်တယ်တဲ့...

တစ်ဖြည်းဖြည်းနဲ့ အနာကမသက်သာလာလို့
ဘုရင်ကြီးက သမားတော်ကြီးကို
ထပ်မေးတယ်တဲ့...
ငါ့လက် ပြန်ကောင်းမယ်မလားတဲ့...

အဲ့အချိန်မှာလည်း သမားတော်ကြီးက
Good ? Bad ? Who knows ?
ဆိုပြီးပဲ ဖြေတယ်တဲ့....

ဒါပေမယ့် နောက်ထပ်
ရက်နည်းနည်းကြာတော့
သူ့လက်သန်းက ပိုးဝင်ပြီး
ဖြတ်လိုက်ရတယ်တဲ့....”

“ ဟယ်.... “

“ဘုရင်ကြီးက အရမ်းစိတ်ဆိုးပြီး
သမားတော်ကြီးကို အကျဉ်းချ
ထားလိုက်တယ်တဲ့...
ထောင်ချတာကိုပြောတာ....
နားလည်လား....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now