42 😔

10.5K 1.1K 159
                                    

( Zawgyi )

“ ခလူး~~~~ခလော~~~~”

တစ်ယောက်နှင့်တစ်ယောက်
တင်းကြပ်စွာဖက်ထားရင်း အိပ်ပျော်နေကြသော
Jongin နှင့် Chanyeol...

ကျွန်တော်နှင့်ဟိုကလေးကတော့
ဒီဘက်ကအခန်းထဲတွင် အိပ်ပျော်နေကြသည်

မနေ့ညက ကျွန်တော်တို့အားလုံး
မူးနေကြသည်ကြောင့် ကားမောင်းရန်
အငှား Driver ကိုသာခေါ်ပြီး
ပြန်ခဲ့လိုက်တော့သည်...

ငဂျုံက ငချန်းကို တွဲခေါ်လာပြီး
ဟိုဘက်အခန်းထဲမှာတင် အိပ်လိုက်ကာ ကျွန်တော်ကတော့ ဒီကလေးကို
သယ်လာပြီး ဒီဘက်အခန်းထဲတွင်
အိပ်လိုက်ကြတော့သည်...

မနက်က အိပ်နေရင်းနှင့် လည်ပင်းတွင်
တစ်ခုခု ဖြစ်နေသည်ဟု ခံစားရသည်ကြောင့်
နိုးလာတော့ ဟိုကလေးက ကျွန်တော့
မေးစိအောက်ထဲကို မျက်နှာလေးတိုးကာ
ကျွန်တော့လည်စိကို သူ့နှုတ်ခမ်းဖြင့်
လာစုပ်နေလေသည်...

ဘာထင်၍ လာလုပ်နေသည်လဲတော့မသိ...
တစ်ပြွတ်ပြွတ်နှင့် လာစုပ်နေသည်ကြောင့်
နိုးလာရခြင်းဖြစ်သည်...

ခေါင်းကို အနောက်ကိုဇတ်ခနဲဆုတ်လိုက်ကာ
သူနဲ့ နည်းနည်းဝေးလိုက်ကာ
သူ့ကိုငုံ့ကြည့်လိုက်တော့ ပါးစပ်ကနေ
တစ်ခုခုကို ဝါးစားနေသည့်ပုံစံ
လုပ်နေသည်ကြောင့် သူအိမ်မက် မက်ပြီး
လုပ်နေတာဖြစ်မည်ဟုလည်း
နားလည်လိုက်သည်...

အကြောဆန့်ချင်ပေမယ့် ကျွန်တော့ကို
အားရပါးရခွထားကာ လက်ကလေးကလည်း
ကျွန်တော့ခါးကို ဖက်ထားသည်ကြောင့်
ဘယ်လိုမှကို လှုပ်၍မရပေ...

ကျွန်တော်တို့ဖုန်းဆက်သည့်အခါတိုင်း
ငချန်းပြောသည့် လှုပ်လို့မရလို့ဆိုသည့်
အဓိပ္ပာယ်အား အခုမှ ကောင်းကောင်း
သိတော့သည်...ဘယ်လိုမှကို
လှုပ်မရတာပင်....

ဒီတစ်ခါလည်း ကျွန်တော့မှာအသံမပေးရဲ...
တော်ကြာထငိုနေမှ ငချန်းက အိပ်ချင်မူးတူးနဲ့
ရောက်လာပြီးတော့ ဘာလုပ်လိုက်တာလဲ
လာလုပ်နေဦးမည်...

ကျွန်တော့ပေါ်ကိုခွထားသည့်
သူ့ခြေထောက်လေးကို မလိုက်ကာ
ဘေးကိုချလိုက်ပြီး သူ့လက်ကလေးကိုပါ
ဖယ်လိုက်ကာ ခုတင်ပေါ်ကနေ ထလိုက်သည်
ကျွန်တော့နေရာတွင်တော့ ဖက်လုံးကို
အစားထိုးထည့်ပေးထားခဲ့လိုက်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now