[ Zawgyi ]
" ခြေထောက်က ဒဏ်တော့
သိပ်မဖြစ်ပါဘူး...
အသားလေးတွေ နုနေလို့
နည်းနည်းလေးဖြစ်လည်း နီနေတာ..."" ဘာပဲဖြစ်ဖြစ် ဖြစ်တာက ဖြစ်တာပဲ
ခံလာခဲ့ရတာက ခံခဲ့ရတာပဲကို..."ဟု တစ်ယောက်တည်း
ပွစိပွစိပြောမိတော့ မာမီက" သားငယ်...တစ်ယောက်တည်း
ဘာတွေပြောနေတာလဲ..."" ဘာမှ မဟုတ်ပါဘူး....
ကိုယ်ဖြစ်တာ ကိုယ်ခံလို့ ပြောတာ...
ဒဏ်ဖြစ်လည်း သူခံ
ဒဏ်မဖြစ်လည်း သူခံ လို့ပြောတာ..."ဟုပြောလိုက်တော့...
" ကိုကိုက အားကြီး စိတ်ပုတ်တာပဲ..."
ဟု တိုးတိုးလေး ထပြောလာသည်...
" ဘာကွ ဟျောင့်
မင်းဘာပြောလိုက်တာလဲ..."ဟု လှမ်းငေါက်မိတော့
"ဘာမှပြောပါဘူး...
ကိုကိုက အရမ်းချောတာပဲလို့ပြောတာ...
ဟီးဟီး..."ဆိုပြီး ရယ်ပြလာသည်...
" ဒီမှာ လက်သီးတွေ့လား...
မင်းကို တစ်ရက်လောက်
မိတ်ဆက်ပေးထားမှနဲ့ တူတယ်...
အဲ့ဒါမှ လူကို ပြန်ခံမပြောရဲမှာ..."" ကိုကိုက ငါ့ကို ပြန်ခံမပြောနဲ့လို့
ပြောထားတာနဲ့ရပါတယ်...
ကိုကို့စကားကို နားထောင်မှာပေါ့...
လက်သီးကြီးနဲ့ ထိုးစရာလိုလို့လား...""တွေ့လား အထွန့်လေးတော့
တက်လိုက်ရမှ...ပါးစပ်ပိတ်ထား
ဘာမှပြန်မပြောနဲ့...ကြားလား...""......."
ဟုမေးလိုက်တော့ ပြန်ဖြေသည့်
အသံမကြားသည်ကြောင့်"ဟျောင့်...ကြားလားလို့...
ငါမေးနေတယ်လေ...""........"
" ဘာလို့ပြန်မဖြေတာလဲ... "
" ကိုကိုပဲ ပါးစပ်ပိတ်ထားဆို..."
"ဪ အဲ့တော့
ငါ့စကားကိုနားထောင်ပြီး
ပြန်မပြောတာပေါ့လေ...
ဟုတ်လား..."ဆိုတော့ ခေါင်းညိတ်ပြတာကြောင့်...
"ငါပြောတာက ငါပြောသမျှကို
တစ်ခွန်းမကျန်ပြန်ရန်တွေ့နေလို့ပြောတာ...
မေးခွန်းမေးရင်တော့ ပြန်ဖြေလေ..."
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...