74 😭

9.3K 1K 218
                                    

( Zawgyi )

“ ကလေးရဲ့ အခြေအနေကတော့
ကောင်းပါတယ် မေမေ....
ဦးနှောက်လှိုင်းကိုစစ်လိုက်တဲ့
Resultတွေက ဘာမှ
ထွေထွေထူးထူးမရှိဘူး....
ပုံမှန်လူကောင်းအတိုင်းပဲ....”

“ အင်းးး...နှလုံးကရော....”

“ ပုံမှန်အခြေအနေတော့
ပြန်မရောက်သေးပေမယ့်
အသက်ရှူစက်တော့ ဖြုတ်လို့ရလောက်ပြီ...
နှလုံးခုန်တာ နည်းနည်းတော့
နှေးနေသေးတယ်...”

“ အင်း....ဖြုတ်လိုက်တော့...
အဲ့လောက်က ဆေးနဲ့ထိန်းမယ်.... “

“ ဟုတ်....”

“ အဲ့ဒါဆို ကလေးကို
အားဆေးချိတ်ပေးထားလိုက်....
အစားဝင်အောင်ကျွေးပေး...“

“ ဟုတ်...မေမေ....
ဪ ဒါနဲ့ ဒီနေ့အိမ်ပြန်နားလိုက်နော်...
သားစောင့်လိုက်မယ်...နောက်ပြီး
Sehun လည်းလာစောင့်မှာဆိုတော့
မေမေ ပြန်နားလိုက်နော်...”

ဟု မေမေ့ကို ပြောလိုက်တော့.မေမေက ခေါင်းရမ်းပြကာ

“ မေမေ ပြန်မနားချင်ပါဘူး သားရယ်...
သားငယ်လေးလည်း နိုးမလာသေးဘူး...
ကလေးလေးကလည်း အခုမှ
ကောင်းခါစကို...”

“ ငယ်လေးမနိုးလာခင်
မေမေလဲသွားမှာစိုးလို့ သားပြောနေတာ...
သားတို့လူငယ်တွေ စောင့်ပေးပါ့မယ်မေမေရာ
တစ်ခုခုထူးခြားတာနဲ့ ချက်ချင်းလှမ်းပြီး အကြောင်းကြားပေးမယ်လေ...
စိတ်ချလက်ချနဲ့ အိမ်မှာ ပြန်နားပါ...”

“ မေမေ မနားချင်ဘူးသားရယ်....
ငယ်လေးကို ထားမသွားချင်ဘူး...”

“ တစ်ရက်ကလေးပဲ...ဒီတစ်ရက်ကလေးပဲ
အိမ်မှာ စိတ်ချလက်ချနဲ့ ပြန်နားလိုက်ပါ...
မဟုတ်လို့ မေမေပါ လဲသွားရင်
သားတို့ ဘယ်သူ့ကို စိတ်ပူလို့
ပူရမယ်မှန်းမသိဘဲပိုဆိုးလိမ့်မယ်...”

ဟု နားဝင်အောင် ချော့မော့ပြောနေစဉ်...
ကိုကြီးက အခန်းထဲကို ဝင်လာသည်....

“ ဟယ်...သားကြီး...
ဘယ်ကနေလာတာတုန်း သားအဖေရော...”

ဟု မေမေက ကိုကြီးကိုမေးနေသည်ကို
ကျွန်တော်က ဝင်ကာ

“ သားလှမ်းခေါ်လိုက်တာ မေမေ..
မေမေ့ကို အိမ်ပြန်ခေါ်ဖို့...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now