30 😪

10.8K 1.1K 83
                                    

[ Zawgyi ]

" မိုးရွာရင် မိုးရေချိုးမယ်...
မေမေရာရင် နို့ချို့မယ်...
ဒယ်ဒီရာရင် ရေခဲမုန့်သွားချားမယ်..."

ဆိုကာ ကျောကုန်းပေါ်တွင်
အငြိမ်တစ်ချက်မနေပဲ
ပါးစပ်ကနေ အော်ချင်ရာအော်နေသော
အရက်သမားလေး...

သီချင်းထဲကိုလည်း သူစားချင်တာ
ထည့်ဆိုသွားသေးတာ...
ပြောတော့သာ ကန်ချထားခဲ့မယ်လေး
ဘာလေးနဲ့ အခုတော့
ကျောတွင်ပိုးကာ ချီခေါ်ခဲ့ရပြီလေ...

" ဟျောင့်...တိုးတိုးနေစမ်း...
ညဘက်ကြီးကို အော်ဟစ်နေတာ
လူကြားမကောင်းဘူး..."

" တိုတို...တိုတို...."

လခွမ်း... သူလုပ်မှပဲ
ကိုကိုက တိုတိုဖြစ်ရတော့တယ်...

" မင်းကြီးတော်ကြီးကို တိုတို...
ကိုကိုဟ...ကိုကို...
ဘယ့်နှယ့် အရက်ကလေးတစ်ခါလောက်
မူးပါတယ်...လျှာလိပ်တဲ့အဆင့်ကို
ကျော်ပြီး စကားမပီတော့တဲ့အဆင့်ကို
တန်းရောက်သွားတယ်..."

" တိုတိုပါချို..."

" ငါ့ရဲ့ ဘယ်နေရာကများ
တိုနေလို့လဲ...ပြော..."

ဟုမေးလိုက်တော့ ကျွန်တော့လည်ပင်းကို
ခပ်တင်းတင်းဖက်လိုက်ကာ
လည်ပင်းနဲ့ မေးစိအောက်သို့
သူ့ပါးလေးကို ကပ်သည်အထိ
တိုးကာ ဖက်လာသည်...

သူ့နှာခေါင်းက ရှူထုတ်လိုက်သည့်
လေငွေ့ပူပူက ကျွန်တော့လည်ပင်းကို
ရိုက်ခတ်လို့...

" ကိုကိုက စိတ်တိုတယ်လေ...
အဲ့ဒါ တိုတာပဲပေါ့..."

ဟု စကားကို ပီပီသသ
ပြန်ဖြေရှင်းလာသည်...
ကြည့် အခုကျတော့ စကားပီသားပဲကို...
တမင် မပီချင်ယောင်ဆောင်နေတာ...

" ကိုကိုလို့ပဲခေါ်ရင်ခေါ်...
မခေါ်ရင် မခေါ်နဲ့...
တိုတိုတွေ ဘာတွေ လာမလုပ်နဲ့..."

" ဟွန့် အကျင့်ပုတ်ကြီး..."

" ဘာပြောတယ်..."

" တိုတိုက အကျင့်ပုတ်ကြီးလို့
ကြောတာ...တိုတိုက လူဆိုးကြီး...
Baekတိုတိုက လူချိုးကြီးပါဗျို့..."

ဟု ထအော်နေပြန်သည်...

" ဟျောင့် ဘာတွေ
လျှောက်အော်နေတာလဲ။
တိတ်တိတ်နေစမ်း။ အရှက်မရှိ
လျှောက်အော်နေတယ်။
ချီလည်း ချီထားရသေးတယ်။
ငါ့ကိုလည်း အကျင့်ပုတ်တယ်
ပြောသေးတယ် ဟုတ်လား။
ဟျောင့် ပစ်ချထားခဲ့ရမလား..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Unde poveștirile trăiesc. Descoperă acum