15 🌼

11.7K 1.2K 99
                                    

[ Zawgyi ]

" သူကသားကို ငယ်ငယ်လေးထဲက
လိုက်ပြိုင်နေတာ...အကြောင်းပြချက်မရှိဘဲ
သား ဘာလုပ်လုပ် သူအဲ့တစ်ခုကို
လိုက်လုပ်တယ်...

ဆရာမတွေက ကျောင်းပြိုင်ပွဲတွေမှာ
သားကိုဝင်ပြိုင်ခိုင်းရင် သူလည်း
လိုက်ပြိုင်တယ်...ဘာလို့အဲ့လိုတွေ
လိုက်လုပ်တာလဲတော့ သားလည်းမသိဘူး...

သူ့ကို သတိထားမိလာအောင်
ဟိုဟာလိုက်ပြိုင် ဒီဟာလိုက်ပြိုင်
လုပ်နေပေမယ့် သားကဂရုမစိုက်တော့
သားကို ဒဏ်ရာတွေရအောင်လုပ်လာတယ်...

ကိုလေးတို့ မှတ်မိလား...
သားအလယ်တန်းတုန်းက ဒဏ်ရာတွေ
မကြာခဏဆိုသလို ရတယ်လေ...
အမှန်ပြောရရင် အဲ့ဒါတွေကသူကြောင့်ပဲ...

သား ဒီအကြောင်းတွေကို အိမ်မှာ
တစ်ခါမှ ပြန်မပြောပြဖူးပါဘူး...
ဒါပထမဆုံးအကြိမ် သားပြောပြဖူးတာပဲ..."

ငယ်လေးပြန်ပြောပြတော့မှပဲ
သတိရတော့တယ်.....
ကျွန်တော်တို့က ငယ်လေးကို
ကျောင်းမှာ ရန်တွေဖြစ်လာရလားဆိုပြီးပဲ
ဆူမိတာ...သြော် အဲ့ဒါဆို
ဒဏ်ရာတွေက အဲ့ကလေးက
လုပ်တာတဲ့လား...

" သားသူ့ကို ဘာလို့ ဒီလောက်တောင်
မုန်းနေတာလဲ ဆိုတာရော သိလား..."

"....."

" ဖွားဖွားမဆုံးခင်က သားကို
သစ်သားနဲ့လုပ်ထားတဲ့ ကားလေး
ဝယ်ပေးခဲ့တာလေ...
သားအရမ်းကြိုက်လို့ အိပ်ရင်တောင်
အိပ်ရာထဲ ထည့်ပြီးအိပ်တာလေ..."

" အင်း မှတ်မိတယ်...အဲ့ဒါလေး
ပျောက်သွားတာမလား..."

" ပျောက်သွားတာ မဟုတ်ဘူး..
ကျောင်းရေကန်ထဲကို သူလွှင့်ပစ်လိုက်တာ.."

" ဟေ..."

" သားအကြိုက်ဆုံးပစ္စည်းလေးကို
ဖျက်ဆီးလိုက်တဲ့ အဲနေ့ကစပြီး
သူ့ကိုအရမ်းမုန်းသွားတာ...
သားအကြိုက်ဆုံး သဘောအကျဆုံး
ပစ္စည်းလေးကိုမှ သူရွေးပြီး
ဖျက်ဆီးခဲ့လို့..."

ငယ်လေးက ဒါပထမဆုံး
သူ့ရဲ့ခံစားချက်တွေကို
ပြောပြနေတာဆိုတော့ ကျွန်တော်တို့
ငြိမ်ပြီး နားထောင်နေကြသည်....

ကလေးရဲ့စိတ်ထဲမှာ
ဒီလိုအမုန်းတွေကိုရှိနေခဲ့တာ...
သူငယ်ချင်းနဲ့ မတည့်ဘဲ
တစ်ယောက်နဲ့ တစ်ယောက်
မုန်းနေခဲ့တာကိုး...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now