41 💋

12.5K 1.2K 176
                                    

( Zawgyi )

ခွေးပေါက်ကနေသည့်နေရာကို
လှမ်းကြည့်လိုက်တော့ Club ရောက်တိုင်း
ပြဿနာတက်နေကျ အကောင်တစ်ကောင်က
ကလေးနားကို ကပ်သွားပြီး ကလေးနှင့်
အတူတူကနေသည်...

ကလေးကို ခါးကိုကိုင်လိုက်
ပုခုံးကိုဖက်လိုက် စကားပြောလိုက်နှင့်
လုပ်နေသည်ကြောင့် စိတ်တိုလာပြီး
အနောက်ကနေထပြီး လိုက်သွားရန်
လုပ်လိုက်စဉ် ကျွန်တော့အထာကိုနပ်သည့်
ငဂျုံက သွားခေါ်ပေးသည်...

အခုလည်း ကရန်ထွက်သွားသည့်
သူ့အနောက်ကို လိုက်သွားကာ
လူကြားထဲကို ဝင်သွားပြီး ဟိုကလေး
ကနေသည့် နေရာကိုသွားလိုက်သည်...

ခုနက အတူတူကနေသည့် တစ်ယောက်က
အနားကို ထပ်ရောက်လာတာမို့
အဲ့တစ်ယောက်ကို ခန္ဓာကိုယ်ချင်း
တိုက်ထုတ်လိုက်ပြီး ခွေးပေါက်အနားတွင်
မတ်တပ်ရပ်လိုက်တော့
ကျွန်တော့ကိုလှည့်ကြည့်လာသည်...

ကျွန်တော်မှန်းလည်းသိရော
ရှောင်သွားမလို့လုပ်နေသည်ကို
သူ့လက်ကောက်ဝတ်လေးကို
အားနှင့်ဆွဲလိုက်ကာ သူ့ခါးလေးကိုဖက်ပြီး ရင်ခွင်ထဲသို့ ဆွဲထည့်ထားလိုက်သည်...

“ အင့်... လွှတ်ပေး...လွှတ်ပေး...”

ဆိုကာ ကျွန်တော့ ရင်ဘတ်ကို
တွန်းနေကာ မကြိုက်သည့် ရုပ်ကလေးနှင့်
နှုတ်ခမ်းလေးက ချွန်နေလေသည်...

“ ဘာလဲ...ငါက ခုနကကောင်မဟုတ်လို့
တွန်းထုတ်နေတာလား...”

ဟု မေးလိုက်သည်ကို
မျက်စောင်းထိုးကြည့်ကာ

“ ကျွန်တော့ကို ဘာထင်နေတာလဲ ကိုကို...
တွေ့ကရာလူနဲ့ပလူးပလဲနေတဲ့ကောင်များ
ထင်နေတာလား... ကျွန်တော်က
ကိုကိုမဟုတ်ဘူး...”

ဟု အံကြိတ်ပြီးပြောကာ ကျွန်တော့ကို
အတင်းလွှတ်ခိုင်းနေသည်....

“ ဟင့်အင်း...မလွှတ်ပေးပါဘူး....
လွှတ်ပေးလိုက်ရင် မင်းက ငါ့ကို
ရှောင်ပြေးဦးမှာလေ...တစ်ချိန်လုံးလည်း
ရှောင်နေပြီးတော့....”

ဟု ပြောကာ သူ့ခါးလေးကို တင်းနေအောင်
ဖက်ပြီး ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now