70 🎁

9.4K 1K 146
                                    


( Zawgyi )

“ ကိုကို့ ခုနက Baek ကိုပေးမယ်ဆိုတာ
ဘာပေးမလို့လဲ...”

ဟု မေးရင်း အောက်ထပ်က
ဧည့်ခန်းတွင် ထိုင်ကာဖုန်းသုံးနေသော
ကျွန်တော့ပေါင်ပေါ်သို့ ဝင်လှဲလေသည်...

လူကြီးတွေ အကုန်လုံးက
သူတို့အခန်းတွေထဲမှာ ကိုယ်စီ
ဝင်နေကြသည်ကြောင့် ဧည့်ခန်းထဲတွင်
ကျွန်တော်တို့ နှစ်ယောက်တည်းသာ...

“ ဟင်လို့....”

ဟု ကျွန်တော့ဆီက အဖြေမရသည်ကြောင့်
ထပ်မေးလာသည့် သူ့ကိုငုံ့ကြည့်လိုက်တော့
ကျွန်တော့ကို စိတ်ဝင်တစားကြည့်နေသည့်
မျက်ဝန်းကလေးတွေနှင့် တိုးလေသည်...

“ အင်း...အခန်းထဲမှာ အဲ့ဒါက...”

“ ဘာကြီးလဲ အရင်ပြောပြပါလား...”

ဟု ချွဲ​ကာမေးလာသည့် သူလေးအား

“ ကိုယ့် အလုပ်စားပွဲ အံဆွဲထဲမှာရှိတယ်...
သွားယူကြည့်....”

ဟု ပြောလိုက်သည်ကြောင့်
ဘာမှ ထပ်မပြောတော့ဘဲ လှဲအိပ်နေရာမှ
ထသွားလေသည်.... ခဏကြာတော့
အပေါ်ထပ်ကနေ ပြန်ဆင်းလာကာ
ကျွန်တော့ဘေးနားတွင် ဝင်ထိုင်ပြီး

“ ဘာကြီးတုန်း...”

ဟု မေးကာ သူ့လက်ထဲက
စက္ကူသေတ္တာကလေးကို
လှုပ်ရင်းမေးလေသည်....

“ ဖွင့်ကြည့်လေယ...”

ဟု ပြောလိုက်သည်ကြောင့် ကျွန်တော့ကို
ဘာလဲဆိုသည့် အကြည့်ကလေးဖြင့်
ကြည့်ကာ ဗူးကို မယုံသင်္ကာပုံစံမျိုးဖြင့်
ဖွင့်လေသည်....

ဖွင့်ပြီး အထဲထဲက စာရွက်ကိုတွေ့တော့မှ

“ ဟင်... ဒါကြီးက... စာချုပ်ကြီး..."

ဟုအရင်ပြောကာ စာရွက်ကို
အသံထွက်ပြီး ဖတ်လေသည်....

" မြေအရောင်းအဝယ် စာချုပ်...."

“ ဟုတ်တယ်.....”

“ ကိုကိုဝယ်ထားတာလား...
ဘယ်က မြေကိုဝယ်လိုက်တာလဲကိုကို....”

“ နာမည်ကိုဖတ်ကြည့်လေ... “

ဟု ပြောလိုက်တော့ စာချုပ်ကို
သေချာဖတ်ပြီး

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now