89 🤕

6.7K 886 42
                                    

( Zawgyi )

“ ငယ်လေးရေ...
ကလေးကို သွားကြိုလိုက်ဦးနော်...
မေမေတို့မရှိတဲ့အချိန် အိမ်မှာ
နှစ်ယောက်တည်းဆိုပြီးရန်ဖြစ်မနေနဲ့ဦး...
ကြားလား...”

ဟု ပြောလာသည့် မာမီ့ ခါးကိုဖက်လိုက်ကာ

“ သားတို့က ကလေးတွေမှ
မဟုတ်တော့တာ မာမီရယ်...”

“ ပြောတော့သာ ကလေးတွေမဟုတ်ဘူး...
ရန်က ဖြစ်ကြတုန်း...စိတ်က
ကောက်ကြတုန်း...”

ဟု ပြောလာသည်ကြောင့် ရယ်ပြလိုက်ကာ

“ ရန်မဖြစ်ရရင်လည်း ပျင်းဖို့ကောင်းတယ်….”

“ မင်းကသာ ပျင်းနေ...
ဟိုကလေးက စိတ်ကောက်ရလွန်းလို့...
တစ်ဖြည်းဖြည်းနဲ့ ဆံပင်တွေပါ
ကောက်ကုန်တော့မယ်...မနေ့ညကတင်
မေမေ့ကို လာတိုင်သွားသေးတယ်နော်...
ငယ်လေး...”

“ ဟာ... ဒါဆို သူက ဦးသွားတာပေါ့...”

ဟု ပြောလိုက်ချိန်

“ ဘာလဲ မင်းရော တိုင်ဦးမလို့လား...”

ဟု အနောက်ကနေ ရောက်လာသည့်
ကိုကြီးအား

“ ဟာ ကိုကြီး...ကိုကြီးကိုတွေ့ရတာ
ဝမ်းသာလိုက်တာ....ကိုကြီးကို
သားမျှော်နေတာ...“

ဟု ချွဲမလို့လုပ်တုန်းပဲရှိသေးသည်...

“ ဘာပူဆာချင်လို့လဲ...ကိုကြီး ဒီလ
ဘာမှမဝယ်ပေးနိုင်ဘူးငယ်လေး...
နောက်လုပ်ငန်းတစ်ခု ထပ်ပြီးတိုးချဲ့ဖို့
ငွေတွေ ရင်းနှီးမြှပ်နှံနေရလို့...
အိမ်ဝယ်ဖို့ကိုတောင် စဉ်းစားနေရတယ်....”

ဟု ကိုကြီးကပြောအပြီး မာမီက

“ ဟင်...သားကြီးက အိမ်ဝယ်မလို့လား...
ဘာဖြစ်လို့လဲ သား...”

ဟု မေးလေသည်....

“ သြော်...ဘာမှမဟုတ်ပါဘူး...
ဒီ အတိုင်းပဲ သား အိမ်ထောင်ပြုပြီးရင်
အိမ်ခွဲနေမလားလို့လေ...”

ဟု ကိုကြီးကပြောလိုက်တော့
မာမီက ချက်ချင်းကိုပင်
မျက်နှာလေးမကောင်းဖြစ်သွားသည်...

“ ဘာဖြစ်လို့လဲ သားရယ်...
မေမေတို့နဲ့ အတူတူ မနေချင်ဘူးလား...
အိမ်ကကျဉ်းလို့လား...ဒါမှမဟုတ်
သမီးက မေမေတို့နဲ့ မနေချင်ဘူးတဲ့လား...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now