71

9.4K 1K 194
                                    

( Zawgyi )

ကုန်တိုက်ကားပါကင်တွင်
ကားထိုးပြီး နှစ်ယောက်စလုံး
ကားပေါ်မှဆင်းကာ ဓာတ်လှေကားစီးရန်
လမ်းဖြတ်ကူးစဉ် ကားမီးကို
အပေါ်မီးရော အောက်မီးရော
တစ်ပြိုင်နက်ထိုးကာ အရှိန်ပြင်းပြင်းနဲ့
လုံးတစ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသော
ကားတစ်စီး.....

သူကလည်း ချက်ချင်းကြီးဆိုတော့
ဘာလုပ်လို့ လုပ်ရမည်မသိဘဲ
ကြောင်ပြီး ရပ်နေလေသည်....

ကားအရှေ့က Baek ကို
ပြေးဖက်ကာ သံမံတလင်းပေါ်သို့
လှဲချလိုက်သည်....

ထိုကားက ကျွန်တော်တို့ကို
မတိုက်လည်း မတိုက်မိလိုက်ရော
ကားရပ်သွားကာ ကားမှန်တံခါးက
ကျလာပြီး ကားပေါ်ကနေ
နေကာမျက်မှန်အမည်းကို ချွတ်လိုက်ကာ
ငုံ့ကြည့်လာသည့် Eunna...
သူမ မျက်နှာကို တွေ့တွေ့ချင်း
ဒေါသကထွက်သွားတော့

“ မင်း....”

ဆိုပြီး ဆက်မပြောနိုင်ဘဲ ရပ်တန့်သွားသည်..

“ ဟုတ်တယ်...တို့ Eunna ပါ Chan...
တို့ကို မှတ်တော့ မှတ်မိသေးတယ်ပေါ့...
ဟက်...ဟက်... ဪ ဒါနဲ့
အရမ်းကြီးလန့်သွားလား Chan....”

ဆိုသည့် ချွဲပစ်ပစ်အသံနှင့်
ပြောလာသော သေနာမ....

“ မလန့်ပါနဲ့....ဘယ်လိုဖြစ်လို့
အဲ့လောက်တောင် ကြောက်တတ်ရတာလဲ...
သူ့ကလေးကိုထိမှာကို
ကြောက်တတ်နေလိုက်တာ....
မြင်မကောင်းဘူး... ဟက်...ဟက်...”

တ ဟက်ဟက်နဲ့ ပန်းနာရင်ကြပ်
ဖြစ်နေရင်လည်း အဲ့မှာ လဲသေလိုက်...
စိတ်ထဲကနေ မေတ္တာတွေ ပို့နေမိသည်...

လုံးတစ်ကို ဖက်ပြီး လှဲချပစ်လိုက်တာကြောင့်
သူကတော့ ဘာမှဖြစ်မသွားပေမယ့်
ကျွန်တော့လက်ဖမိုးက သံပံတလင်းနှင့်
တိုက်ပြီး ပွန်းသွားသည်....
လက်ထောက်ကာ ထရန်လုပ်လိုက်စဉ်

“ အ...”

ဟု အသံထွက်သွားသည်ကြောင့်
သူမက ကားပေါ်ကနေ ဆင်းလာကာ...ာ

“ နာသွားပြီလားChan.....
တို့ Chanကို နာကျင်စေဖို့
မရည်ရွယ်ပါဘူး....”

ဟု ရွံစရာကောင်းသောစကားများကို
ပြောနေသည်ကြောင့်

“ မင်းပါးစပ်ကိုပိတ်ထား....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Dove le storie prendono vita. Scoprilo ora