11 🌾

12K 1.2K 115
                                    

[ Zawgyi ]

" သားကြီးရေ ညက သားငယ်လေး
ပြန်မလာဘူးလား..."

ကျွန်တော်က ထမင်းစားခန်းထဲသို့အသွား
လှေကားအပေါ်ကနေ မေမေက
ကျွန်တော့အား အလောတကြီး
လှမ်းမေးလာသည်...

မနက်တိုင်း မေမေက ငယ်လေးကို
နှိုးနေကျအတိုင်း နှိုးရန်တက်သွားပြီး
ငယ်လေးကို မတွေ့၍ ထင်သည်...

ကျွန်တော်ကလည်း မေမေ့ဆီသို့
တက်သွားလိုက်ကာ

"ဘာဖြစ်လို့လဲ မေမေ...
ငယ်လေး အခန်းထဲမှာ မရှိဘူးလား...
ရေချိုးခန်းထဲရော ရှာပြီးပြီလား..."

" ရှာပြီးပြီ...အိပ်ထားတဲ့ပုံ မရှိဘူး...
မွေ့ရာကြီးတစ်ခုလုံးကလည်း
အေးစက်နေတယ်...စောင်တွေကလည်း
မနေ့က အတိုင်းပဲ..."

"ဟုတ်လား... ညကလည်း
သားဆီ ဖုန်းဆက်ပြီး တံခါးမဖွင့်ခိုင်းဘူး... ခဏ....သား ငယ်လေးဆီ
ဖုန်းဆက်ကြည့်လိုက်ဦးမယ်..."

ဟုပြောကာ ဖုန်းခေါ်လိုက်တော့
ဖုန်းတော့ဝင်သည်...သို့သော် မကိုင်...
ကျွန်တော် ဖုန်းဆက်နေတုန်း မေမေက

" သားငယ် တစ်ခါမှ အပြင်မှာ
မအိပ်ဖူးပါဘူး...ဖုန်းကိုင်လား သား..."

ဟု ကျွန်တော် ဖုန်းဆက်ပြီးပြီးချင်း
မေးလာသည်....

" ဖုန်းတော့ဝင်တယ် မေမေ...
ဒါပေမယ့် ဖုန်းမကိုင်ဘူး..."

" အရင်က ဘယ်လောက်မူးမူး
အိမ်ကိုတော့ မရောက် ရောက်အောင်
ပြန်လာသေးတာကို အခု
ပြန်မလာနိုင်ရအောင်
ဘာတွေများ ဖြစ်နေလဲ မသိဘူး...
အောင်မလေး...ဘုရား...ဘုရား...
ဆိုင်ကယ်accidentတွေ ဘာတွေများ..."

ဟုပြောကာ ဘာကိုမှဆက်မပြောနိုင်ဘဲ
ရင်ဘတ်ကိုသာ လက်နှင့်အုပ်ထားရင်း
ရင်တုန်နေသည့် မေမေ့အား
မေ့လဲသွားမည် စိုးတာကြောင့်

" ညီလတ်ရေ... ညီလတ်...
အပေါ်ကို ခဏ..."

ကျွန်တော့အော်ခေါ်သံကြားတာကြောင့်
ညီလတ်က မနက်စာစားရန်
ထမင်းစားပွဲတွင် ထိုင်နေရာမှ ထလာပြီး
အပေါ်ကို အပြေးတက်လာသည်...

" ဘာဖြစ်လို့လဲ ကိုကြီး..."

ကျွန်တော့ကိုမေးလည်းမေး
ဘေးနားက မူးနေသော
မေမေ့ကိုလည်း ဖမ်းထိန်းလိုက်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now