13 😙

12.8K 1.2K 76
                                    

[ Zawgyi ]

ညက ကျွန်တော်ပြန်လာတော့
အိမ်တံခါးမကြီးက ပိတ်နေပြီ...
ကိုကြီးတို့ကိုလည်း မနှိုးချင်တော့တာနဲ့
ကျွန်တော့ အခန်းအောက်က
အပင်ကြီးပေါ်ကနေ တက်နေကြအတိုင်း
တက်ပြီး ပြတင်းပေါက်ကနေဝင်တော့
ဒီကလေးရဲ့ အခန်းထဲကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်...

ဟုတ်သားပဲ...မေ့သွားတယ်...
ဒီအခန်းမှာ လူရောက်နေပြီလေဆိုပြီး
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
ကိုယ့်အခန်းကို ကူးဖို့လုပ်လိုက်ပေမယ့်
အခန်းထောင့်အမှောင်ထဲမှ တစ်ရှုံ့ရှုံ့နှင့်
ငိုနေသည့် အသံလေးအား
ကြားလိုက်သည်...

အခန်းမီးကို အမြန်သွားဖွင့်လိုက်ကာ
အိပ်ရာပေါ်ကို ကြည့်လိုက်တော့
ဟိုကလေးရှိမနေ....
ထို့ကြောင့် တစ်ရှုံ့ရှုံ့နှင့် ငိုနေသည့်
အသံလေးကြားရာဆီသို့ ကြည့်မိတော့မှ

အခန်းထောင့်လေးတွင်
ငုတ်တုတ်လေးထိုင်နေကာ
နားလေးနှစ်ဖက်ကို လက်ဖဝါးလေးတွေဖြင့်
ခပ်တင်းတင်းအုပ်ထားသည်...

မျက်လုံးလေးကိုလည်း
အတင်းမှိတ်ထားပြီး ပါးပေါ်မှာလည်း
မျက်ရည်များနဲ့ လူကတုန်ရီနေသည်...

ဘာဖြစ်မှန်းမသိတာကြောင့်
သူ့နားလေးကို အမြန်သွားလိုက်ပြီး
သူ့ပုခုံးလေးကို ကိုင်လိုက်တော့...

" အီးးးဟီးးးး ဒယ်ဒီသားကြောက်တယ်...
သားကြောက်တယ်...အီးးးးဟီးးးး..."

ဟု ပါးစပ်ကနေ တရပ်စပ်ပြောကာ
ငိုနေလေသည်...သူ့ပုခုံးလေးကို
လှုပ်ကာ သူ့ကိုခေါ်လိုက်ချိန်

" ကြောက်တယ်...ကြောက်တယ်...
မရိုက်ပါနဲ့...တောင်းပန်ပါတယ်...
စကားနားထောင်ပါ့မယ်...
ဒယ်ဒီ့ကိုလည်း ပြန်မတိုင်ပါဘူး... ကတိ...ကတိပေးပါတယ်..."

ဟု သူ့ခေါင်းလေးကို ငုံ့ကာ
တောင်းပန်နေရှာသည်...
ဟိုနှစ်ယောက်က မင်းကို
ဒီလိုဖြစ်အောင် နှိပ်စက်ခဲ့တာလား...

ကိုယ့်ကို ဘယ်သူထင်နေလို့
အဲ့လိုတောင်းပန်နေတာလဲကွာ...
သူ့ကို ရိုက်မည်ထင်ပြီး
အသည်းအသန်တောင်းပန်နေသည့်
ကောင်လေးကိုကြည့်ပြီး သနားလာသလို
ဟိုနှစ်ယောက်ကို အသေသတ်ပစ်ချင်သည့်
စိတ်တွေကလည်း တဖွားဖွားပေါ်လာသည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now