47 😖

9.8K 1K 146
                                    

( Zawgyi )

မိုးသည်း​ကြီးမည်းကြီး ရွာပြီးခါစ
ခြံထဲရှိ အပင်များအားလုံးသည်
မိုးရေစိုစွတ်ပြီး လန်းလန်းဆန်းဆန်း
အနေအထားနှင့် ရှိနေသော်လည်း
မြင်ရသူအဖို့တော့ ခုတင်ပေါ်တက်ကာ
စောင်လေးခြုံပြီး ကွေးကွေးလေး
နှပ်ချင်စရာကောင်းနေသည်...

ခုတင်ဘေး ပြတင်းပေါက်မှ
မြင်နေရသောကောင်းကင်အုံ့မှိုင်းမှိုင်းကို
ကြည့်မိကာ ရှုပ်နေသည့်စိတ်တို့ကြောင့်
သက်ပြင်းကိုသာ ချမိသည်...

ကျွန်တော်တောင် ဒီလောက်
စိတ်ရှုပ်နေတာ ကိုကိုဆို ပိုဆိုးမှာပေါ့...
ကိုကိုဘယ်လိုဆုံးဖြတ်မလဲ ဆိုသည်ကို
သိချင်နေပေမယ့်လည်း ကိုကို့ဆီကို
မသွားချင်ပြန်...မသွားချင်တာထက်
မသွားရဲတာဆိုရင် ပိုမှန်မည်...

မိုးအေးအေးလေးမှာ စိတ်ရှုပ်နေတာတွေ
ပြေလိုပြေညား ကော်ဖီလေးတစ်ခွက်
ဖျော်ပြီးတော့ ကိုကို့ဆီကို ပို့ချင်သား...
သို့သော် သွားပို့လိုက်လို့
ကိုကိုက စိတ်ရှုပ်နေသည့်အချိန်နှင့်
တိုးရင် ကျွန်တော် အအော်များ
ခံရမလားဟု တွေးမိပြန်တော့
ခြေလှမ်းတွေက ရပ်တန့်သွားပြန်သည်...

မရဲသည့်စိတ်ကို ရဲဆေးတင်လိုက်ပြီး
ကိုကို့အခန်းရှေ့ကနေ ဖြတ်လျှောက်ကာ
အောက်ထပ်သို့ ဆင်းခဲ့သည်...
ဧည့်ခန်းတွင် ထိုင်နေသော
တီတီနှင့် ကိုလေးကလည်း
မျက်နှာ မသာမယာနှင့်...

ဦးဦးကတော့ သူရဲ့
စာကြည့်ခန်းထဲတွင်ဖြစ်မည်...
ထိုအချိန် ကိုကြီးက အခန်းထဲကနေ
ထွက်လာကာ တီတီတို့နားတွင်
ဝင်ထိုင်သည်...

ကျွန်တော်လည်းတီတီတို့ အနားသို့
သွားလိုက်ကာ

"တီတီတို့ကော်ဖီသောက်ဦးမလားဟင်...
သား ကိုကို့အတွက် ဖျော်ရင်းနဲ့
ဖျော်ပေးမယ်လေ..."

ဟုမေးလိုက်တော့ တီတီက
ကျွန်တော့ကို မော့ကြည့်ကာ

" သားကိုကိုက ကော်ဖီ
သောက်မယ်တဲ့လား..."

ဟုမေးလာသည်...

" အဲ့လို​တော့မပြောပါဘူး...
သားက ကိုကို့အတွက်ဖျော်ပေးချင်လို့...
ကိုကို တစ်ယောက်တည်း အခန်းထဲမှာ
စိတ်ရှုပ်နေမယ်ထင်လို့..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now