53 😡

12.1K 1.1K 247
                                    

( Zawgyi )

“ ခစ်...ခစ်...ခစ်....ဟိ....ဟိ...”
.
.
.
.
.
.
“ ခစ်...ခစ်.....”

တီဗွီတွေဘာတွေလည်း ဖွင့်မထားဘဲ
ဖုန်းလည်း ကြည့်မနေဘဲ
ကျွန်တော် ပြုတ်ပေးထားသော
ဆန်ပြုတ်ကိုစားလိုက်...
ကျွန်တော့ကိုကြည့်ကာရယ်လိုက်
လုပ်နေသော သကောင့်သားလေးအား
ဘုကြည့်ကြည့်ပေးလိုက်တော့
သူလေးက ရယ်ပြန်သည်....

ထို့ကြောင့် ကျွန်တော်စားရန်လုပ်လိုက်သည့်
ထမင်းလုတ်ကို ပန်းကန်ထဲပြန်ချကာ

“ ဘာတွေ အဲ့လောက်တောင်
သဘောကျနေတာလဲ....”

ဟု မေးလိုက်တော့ သူလေးက
ခေါင်းရမ်းပြလာကာ

“ ကိုကို့က ရယ်စရာကောင်းလို့...”

သူပြန်ဖြေသည့်စကားကိုကြားတော့
နားမလည်၍ ကိုယ့်ကိုယ်ကိုယ်
လက်ညှိုးထိုးပြပြီး

“ငါက....”

ဟုမေးလိုက်တော့

“ ဟုတ်တယ်...ကိုကိုရန်ဖြစ်တဲ့ပုံက
ရယ်စရာကောင်းလို့...
ဟိုအဒေါ်ကြီးနဲ့လည်းပြိုင်ပြီးပြောနိုင်တယ်...
နောက်ပြီးတော့ အက်ျီလက်တွေ
ဘာတွေကို ဆွဲတင်ပြီးတော့ကိုပြောတာ....
အဲ့ဒါကို ပြန်တွေးပြီး သဘောကျလို့...
ခစ်...ခစ်...”

ဆိုကာ ရယ်ပြီး

“ ခွေးနဲ့လည်း ရန်ဖြစ်သေးတယ်လေ...”

ဟု ထပ်ပြောလာပြန်သည်ကြောင့်
ချက်ချင်းကို

“ ဟျောင့်...ဟျောင့်...
ငါ ခွေးနဲ့တော့ ရန်မဖြစ်ပါဘူး...”

ဟု ငြင်းလိုက်တော့ သူလေးကလည်း

“ ဖြစ်ပါတယ်....ခွေးကိုလေ ကိုကိုက
ဟျောင့်...ဘာကြည့်နေတာလဲ...
ဘာမှမရှိဘူးသွား...သွား...ဆိုပြီး
ပြောနေတာလေ...”

ဟု ကျွန်တော်ခွေးမောင်းသည့်
အမူအရာကိုလုပ်ပြပြီး ပြောလာသည်....

“ အင်းလေ...မောင်းထုတ်နေတာလေ...
အဲ့ဒါ ရန်ဖြစ်တာလား...”

“ မသိဘူးလေ...ရန်ဖြစ်နေတယ်ထင်တာ...
နောက်ပြီး ဟိုအဒေါ်ကြီးနဲ့လည်း
ရန်ဖြစ်တာလည်း တော်တယ်သိလား...
ကိုကိုက အတော်ဆုံးပဲ...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now