2 🌵

13.4K 1.2K 47
                                    

[ Zawgyi ]

" သူ့ကုမ္ပဏီက Share တွေကို
တစ်ဖြည်းဖြည်းချင်း လိုက်ဝယ်နေတဲ့
အသံကိုကြားလို့ သူ့အတွင်းရေးမှူးကို
စုံစမ်းကြည့်ခိုင်းလိုက်တော့
သူ့မိန်းမဖြစ်နေတာတဲ့...

နောက်တစ်ယောက် အင်အားနဲ့
သူ့ကိုအလဲထိုးဖို့ ကြိုးစားတာလေ...
ကြားကြားချင်းတော့ မယုံနိုင်ခဲ့ဘူး...
ဖောက်ပြန်တာရော...
သူ့သားကို နှိပ်စက်တာကိုရော..."

" နောက်တော့ရော...
ဘာဆက်ဖြစ်သွားလဲ ဖေဖေ..."

" သိသိချင်း သူ့ဘက်က
ကွာရှင်းဖို့လုပ်ပေမယ့်လည်း
သူ့စည်းစိမ်တွေကို
အကုန်လိုချင်နေတာဆိုတော့
ဟိုမိန်းမက မကွာပေးဘူး...

သူတို့လင်မယားအခြေအနေက
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေပြီ...
အဲ့ဒါ သူခရီးတွေသွားနေတဲ့အချိန်
အငြိုးနဲ့ သူ့ကလေးကို ထပ်ပြီး
အနိုင်ကျင့်ခံရမှာစိုးလို့
ဖေဖေတို့ဆီကို အပြီးပို့ထားချင်တယ်တဲ့...
ဖေဖေတို့က မွေးစားပေးလို့
မရဘူးလားတဲ့..."

" ဪ...."

" နောက်ပြီး စိတ်မကောင်းစရာတစ်ခုက
သူ့မှာ ကင်ဆာဖြစ်နေပြီ...
အပြင်မှာ အိမ်ဝယ်ထားပြီး
သူ့လူယုံတွေနဲ့ထားပေမယ့်လည်း
မနေဘူးတဲ့...

ဂျောင်ဝူကလည်း ကလေးနဲ့
လိုက်မနေပေးနိုင်ဘူးလေ...
အလုပ်ကလည်းတစ်ဖက်
ဟိုမိန်းမကိုလည်းလွှတ်ထားလို့က
မရဘူးဆိုတော့....."

" ဟုတ်တာပေါ့...."

" တွေ့တွေ့ချင်း အကူအညီတောင်းရတာ
အားနာပေမယ့် သူ့သားလေးကို
ကယ်ပေးပါတဲ့...ဟိုနေ့က
ဖေဖေ့အရှေ့မှာ သူ့ရှေ့နေတွေကိုခေါ်ပြီး
သေတမ်းစာရေးတယ်....

ကလေးအတွက်ကိုလည်း
အကုန်ခွဲပေးပြီးပြီ....
ကလေးလေး အတွက် ဒီအတိုင်းထိုင်စားရင်တောင် တစ်သက်မကုန်တော့တဲ့
ငွေပမာဏကို ပေးခဲ့တယ်....

နောက်ပြီး သူကြီးစိုးနေတာက
Hotel လိုင်းကိုး...အဲ့တော့
အကြီးဆုံး ဟိုတယ်လ် သုံးခုကိုလည်း
ပေးခဲ့တယ်...

ဖေဖေ့ကိုတောင် ဟိုတယ်လ်
တစ်ခုပေးပြီး သူ့သားလေးကို
စောင့်ရှောက်ခဆိုပြီး ပေးနေလို့...
မနည်းကို ပြန်ပေးခဲ့ရတယ်....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now