32 😚

10.8K 1.1K 41
                                    

[ Zawgyi ]

ခုတင်ပေါ်မှာ သူ့ကိုအိပ်ခိုင်းလိုက်ကာ
စောင်ပါခြုံပေးလိုက်သည်..
ကိုလေးက ချက်ချင်းလိုက်လာကာ

" ဘယ်လိုဖြစ်လို့ ဖျားတာတုန်း...
မနေ့က အကောင်းကြီးကို..."

ဟုမေးလာသည်ကြောင့်

" ကားထဲမှာ တစ်ညလုံးအိပ်နေလို့...."

"ဟင်... ဘယ်လိုဖြစ်လို့တုန်း...."

ဟု ကိုလေးမေးလာသည်ကို
အကျဉ်းချုပ်ကာ ပြောပြအပြီး

" အယ်...ကောင်းရောကွာ။
ငယ်လေးရာ ကလေးကို။
အခုတော့ ဖျားပြီ ကြည့်...
မင်းဘာ့သာမင်း ပြုစု..."

" မပြုစုပါဘူး...သူတောင်
သားကိုကိုက်သေးတာပဲ...
ဒီမှာကြည့် လည်ပင်းမှာ
အကွင်းလိုက် သူကိုက်ထားတာ...."

ဟု ကိုလေး အနားကိုသွားကာ
သူကိုက်ထားသည့် အနာကို
ပြလိုက်တော့ ကိုလေးက ကြည့်ကာ

" ဘာမှမရှိဘူး ငယ်လေး ပိုမနေနဲ့....
ကလေးက ဖြည်းဖြည်းလေးကိုက်တာကို
အဖြစ်သည်းမနေနဲ့...ဘာပဲဖြစ်ဖြစ်
မင်းကို သွေးထွက်အောင်တော့
မကိုက်ဘူးမလား...."

ဟု ကိုလေးက သူ့ဘက်ကနေ
ပြောလာသည်...

"ဟင်...ကိုလေးကလည်း
သွေးထွက်ထွက် မထွက်ထွက်
နာတာကတော့ နာတာပဲလေ....
ခွေးလိုပဲ ကိုက်လိုက်တာကို...."

" အဲ့ဒါနဲ့ပဲ လက်စားချေပြီး သူ့ကို
ကားထဲမှာ ပစ်ထားခဲ့တယ်ပေါ့လေ...."

"....."

" ငယ်လေးနော် တော်တော်ဆိုးနေ...
အရင်က ဒီလိုမဆိုးပါဘူး...
အခု ဒီကလေးကိုမှ အနိုင်ကျင့်နေတာတွေ
များပြီနော်..."

ဟု ကိုလေးက ထပ်ဆူလာသည်...

" ကိုလေးကလည်း သားကိုပဲဆူနေတယ်။
သူလုပ်တာတော့မပြောဘူး..."

" ကလေးက မူးနေလို့လုပ်တာလေ။
မမူးရင် မင်းကို ဘယ်လောက်တောင်
ကြောက်လိုက်လဲ...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now