84 🎂

7K 970 150
                                    

( Zawgyi )

“ ဟျောင့်...ဘယ်အချိန်က
ထသွားလိုက်တာလဲ...မနက်
ငါလာကြည့်တော့ မရှိတော့ဘူး....”

“ အေး...တစ်ညလုံးအိပ်မရတာနဲ့
ငါ ရေမိုးချိုးပြီး ထသွားလိုက်တာ....”

“ ဘယ်လိုလဲ....”

“ ဘာကိုလဲ...”

“ ပြေလည်အောင် ဖြေရှင်းခဲ့ပြီလား....”

ဟု မေးလာသည့် ငဂျုံ့စကားအား
ခေါင်းရမ်းပြလိုက်ကာ

“ မပြေလည်ပါဘူး... “

ဟု ဖြေရင်း စားပွဲပေါ်တွင်
လာတင်ထားသော ဖိုင်တစ်ချို့ကိုလှန်ကာ ကောက်ဖတ်လိုက်သည်....

“ မနေ့ညက မင်းရဲ့ကလေး
ငါ့ဆီကိုဖုန်းဆက်တယ်...
မင်းရဲ့မွေးနေ့ကိတ်ကို
သူကိုယ်တိုင်လုပ်ပေးချင်လို့
သင်တန်းသွားတက်တာပါတဲ့...
မနက်က စကားရပ်ပြောနေတဲ့လူက
သူတို့ရဲ့ Senior တဲ့...နောက်ပြီး
ကိတ်မုန့်ဖုတ်နည်း သင်ပေးတဲ့လူတဲ့...”

“ အင်း....”

ဟု ပြန်ဖြေလိုက်တော့

“ ဟျောင့်....ဘာအင်းတာလဲ....”

“ သိတယ်လို့... သူပြောလိုက်တယ်...”

“ မင်းကိုလိမ်ချင်လို့ လိမ်တာ
မဟုတ်ပါဘူးကွာ...နားလည်ပေးလိုက်ပါ...”

“ လိမ်ချင်လို့ကို လိမ်တာ...
လိမ်ဖို့ စဉ်းစားထားပြီးမှ လိမ်တာ...”

“ မဟုတ်ဘူးလေကွာ...
မင်းကို သူမွေးနေ့လက်ဆောင်အဖြစ်
ကိတ်မုန့်ကို ကိုယ်တိုင်လုပ်ပေးချင်လို့
ဆိုပြီး ပြောတယ်လေ...”

“  ငါ သူ့ကို စိတ်ဆိုးရတဲ့
အဓိကအကြောင်းအရင်းက
သူ ငါ့ကို လိမ်လို့ပဲ....
သူ လိမ်ရတဲ့ အကြောင်းအရင်းက
ဘယ်လိုပဲ နားလည် လက်ခံလို့ရတဲ့
အရာကြီးပဲဖြစ်နေပါစေ....
ငါနားမလည်နိုင်ဘူး....
သူလိမ်တာကိုပဲငါဒေါသထွက်တာ...
စိတ်တိုတာ...”

ဟု ဒေါသကြောင့် ရှင်းပြသံတွေကလည်း
ကျယ်လို့...

“ ဒါ ပထမဆုံးအကြိမ် ငါ့ကို သူလိမ်တာ...
ဒီတစ်ကြိမ်ကနေ နောက်ထပ်ဘယ်နှစ်ကြိမ်
ထပ်လိမ်လာမလဲဆိုတာ ငါမသိဘူး...
အေးးးး ခံလည်း မခံစားနိုင်ဘူး...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now