20 😏

12.3K 1.2K 127
                                    

[ Zawgyi ]

စားသောက်ပြီး အိမ်ပြန်ရောက်တော့...

" မာမီ သားတို့ ပြန်ရောက်ပြီ..."

ဟု အိမ်ထဲကို ဝင်ဝင်လာချင်း
အကြောင်းကြားလိုက်သော်လည်း

" အေးအေး..."

ဆိုသောပြန်ဖြေသံကလွဲလို့ ကျန်တာမရှိ...
ဒါပဲလား...ဘာမှ မမေးတော့ဘူးလား...
သင်တန်းဆင်းချိန်မဟုတ်သေးဘဲနှင့်
အိမ်ပြန်ရောက်လာကြသော
ကျွန်တော်တို့ နှစ်ယောက်အား
မာမီတို့က ဘာမှမထူးဆန်းသလို...
ဘာမှလည်း မမေးပေ...

သူတို့ပုံစံက ကျွန်တော်တို့
ဒီလိုမျိုးပြန်ရောက်လာမှာကို
ကြိုသိထားကြသလိုလို....

ဧည့်ခန်းတွင် ထိုင်နေသော
မာမီနှင့် ကိုလေးကို
တစ်ချက်ကြည့်လိုက်ပြီး
ကျွန်တော်က အပေါ်ထပ်ကို
တက်ရန် လုပ်နေချိန် ဟိုကလေးက
ကျွန်တော့လက်ကို ဆွဲလိုက်ကာ

" ကိုကိုနေဦးလေ...
လက်ကို ဆေးထည့်ရဦးမယ်...
ကိုလေး... ကိုကို့လက်ကို
ဆေးထည့်ပေးပါလားဟင်....
ကိုကို့လက်မှာ သွေးတွေထွက်နေလို့..."

ဟု ပြောလိုက်တော့မှ ကျွန်တော်တို့ကို
မသိချင်ယောင်ဆောင်နေသည့်
ကိုလတ်ရော မာမီရော ဘယ်ကနေ
ရောက်လာမှန်းမသိသည့် ကိုကြီးကပါ
ကျွန်တော့အနားကို ဝုန်းဆိုပြီး
ရောက်လာလေသည်....
ကျွန်တော့လက်ကို ဆွဲယူကြည့်ကာ

" ငယ်လေး ဘာဖြစ်လာပြန်တာလဲ..."

ဟု ကိုကြီး၏အမေးကို ပုစိက

" ကိုကြီး...ကိုကို့ကို မဆူပါနဲ့နော်...
ကိုကိုက Baek ကိုစိတ်တိုပြီး
ကားကို ထိုးလိုက်လို့ပါ...
Baek က ကိုကို့ကို
စိတ်တိုအောင် လုပ်လိုက်လို့ပါ...
ကိုကို့ကို မဆူပါနဲ့နော်..."

ဟု ကြားထဲက ဝင်ပြီးပြောလာသည်....
သူပြောလိုက်မှ ပိုတောင်ဆိုးသွားသေးသည်...

" ကလေးက ဘာလုပ်လို့ ငယ်လေးက
အဲ့လောက်တောင် ဒေါသထွက်ရတာလဲ...
ကလေးကိုရော ဘာလုပ်လိုက်သေးလဲ..."

စိတ်တိုလိုက်တာ...
ဒဏ်ရာဖြစ်လာတာက ကျွန်တော်....
အဲ့ဒါကို ဟိုကလေးကို စိတ်ပူပေး
နေကြသည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now