37 😚

10K 1.2K 141
                                    

( Zawgyi )

“ ဟျောင့် ငချန်း...ငါတို့ရောက်ပြီ...”

“ ရောက်ရင် ဝင်လာလေကွာ...
ငါထလို့ မရဘူး...”

“ မင်းက ဘာလို့ ထလို့မရတာလဲ...
ဝမ်းကြီးနာစွဲနေလို့လား...”

“မင်းလင်ကို ဝမ်းကြီးနာစွဲ...ငလူးကောင်
ဝင်လာရင် တွေ့လိမ့်မယ်...ဝင်လာခဲ့...”

ဟု ပြောသည်ကြောင့် ငဆယ်နှင့်အိမ်ထဲကို
ဝင်သွားတော့ တစ်ယောက်မှမရှိပေ....

“ဘယ်မှာလဲ အဲ့ကောင်...."

"သူ့အခန်းထဲမှာ နေမှာပေါ့...
သူ့အခန်းထဲသွားမယ်...”

ဟု နှစ်ယောက်သား တိုင်ပင်ကာ
သူ့အခန်းထဲကို သွားခဲ့ကြတော့
ခုတင်ပေါ်တွင် ငချန်းက ဖုန်းသုံးနေကာ
ဟိုကလေးက သူ့လက်မောင်းပေါ်တွင်
အိပ်နေကာ ငချန်းကိုဖက်ထားပြီး
ခြေထောက်ကလည်း ခွထားသေးသည်…..

“ ခွီးးးးး ….. “ ဆိုကာ
နှစ်ယောက်သား အသံတိတ် ရယ်မိတော့
ငချန်းက မျက်စောင်းထိုးကာ

“တွေ့ပြီလား...ငါ ဘာလို့
ထမရလဲဆိုတာ...”

“ နည်းနည်းလေးလှုပ်ကြည့်ပါဦးလား....”

“ လှုပ်ပြီးပြီ မရတာ...”

ဟု သူတို့ကို ပြောလည်းပြော
ကျွန်တော့ဗိုက်ကို ဖက်ထားသော
သူ့လက်ကလေးကို ဆွဲခွာလိုက်သည်....
ဆွဲခွာလိုက်ပြီးပြီးချင်း...

“ ဟင့်....ဟင့်....”

ဆိုပြီး နှုတ်ခမ်းလေးမဲ့လာကာ
ငိုရန် စလာသည်ကြောင့်
သူ့လက်ကလေးကိုခါးတွင် ပြန်ဖက်စေကာ
သူ့ခေါင်းလေးကို ပွတ်ပေးပြီး...

“ အေးးးးးအေးးးးးအေးးးးး
အိပ် အိပ် အိပ်....”

ဆိုပြီး ပြောကာ ပြန်သိပ်လိုက်ရသည်...
ငချန်းလုပ်လိုက်သည့်ပုံစံကိုတွေ့ကာ

“ဒီလို ကလေးထိန်းတတ်မှန်းသိရင်
အန်တီ့ကို မင်းထက်အငယ်
တစ်ယောက်လောက် လာမွေးခိုင်းခဲ့ပါတယ်..”

ဟု ငဆယ်ကပြောလာသည်....

“ မင်းဒီလိုမျိုး ကလေးထိန်းတတ်မှန်း
ငါမသိခဲ့ဘူး...”

ဟု ငဂျုံကပါ စလာသည်…..

“ စ မနေနဲ့...ဒီမှာ နိုးသွားဦးမယ်....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Waar verhalen tot leven komen. Ontdek het nu