77 😿

7.8K 983 47
                                    

( Zawgyi )

“ အခုဆို ဆေးရုံကနေဆင်းလာတာ
နှစ်လနီးပါး ရှိတော့မယ်...
ငယ်လေးကတော့ အားလုံးနီးပါး
အကောင်းအတိုင်းဖြစ်သွားပေမယ့်
ကလေးလေးကတော့ နှလုံးဆေးကို
သောက်နေရတုန်းပင်...

နှစ်ယောက်စလုံးကို အိမ်ထဲကနေ
အိမ်ပြင် သိပ်မထွက်ခိုင်းဘဲ
အိမ်ထဲမှာပင် နေခိုင်းသည်ကြောင့်
တစ်နေ့တစ်နေ့ အီလည်အီလည်နှင့်
နှစ်ယောက်သားက....

ထူးခြားတာ တစ်ခုကတော့ ကလေးလေးက
အရင်ကထက် တိတ်ဆိတ်သွားသည်...
နှစ်ယောက်သား ရန်ဖြစ်သံဆိုတာ
မကြားရတာ တော်တော်ကိုကြာနေပြီ....

သူ့စိတ်အခြေအနေပဲ မကောင်းတာလားတော့
မသိပေမယ့် အရင်လို ချွဲသံတွေ ဆိုးသံတွေ
အော်သံတွေ ဆော့သံတွေ မရှိတော့ပေ...

ငယ်လေးရဲ့သူငယ်ချင်းတွေကတော့
အလုပ်တွေကို သူတို့နဲ့လွှဲထားဖို့
ပြောပေမယ့် ငယ်လေးကအလုပ်တွေကို
ပစ်ထားတာ ကြာပြီဖြစ်တာကြောင့်
တို့တိ တို့တိနှင့်တော့ အလုပ်လုပ်နေလေသည်

ဘယ်လောက်ပဲ အလုပ်ကို ပြန်ပြီး
ဂရုစိုက်စိုက် သူ့ကလေးလေး အခုလို
ငြိမ်နေသည်ကို သူလည်းမကြိုက်ဘူး
ထင်ပါသည်...ကလေးအနားမှာပဲ
အမြဲတမ်းရှိနေတတ်သည်...

ဆေးရုံကနေဆင်းလာမှ ငယ်လေးကလည်း
ကလေးကို ချစ်တာ ပိုပိုမြင်လာရသည်...
စိတ်မကောင်းစရာတစ်ခုက
ညညဘက်ဆို ကလေးလေးက
သူတို့ Accident ဖြစ်ခဲ့တာကို
အိမ်မက်ဆိုးမက်ပြီး ယောင်ကာ
ထထ အော်နေခြင်းပင်...

တစ်ခါတစ်လေ စိတ်မထိန်းနိုင်ဘဲ
အော်ငိုတာမျိုးရှိသလို တစ်ခါတစ်လေ
အသံအကျယ်ကြီးနှင့်အော်လေ့ရှိသည်...
ပြီးရင်လည်း နှလုံးရောဂါက ထပြန်ရော...

ငယ်လေးကလည်း သူ့ကြောင့်
ကလေးက ဒီလိုခံစားရတာဟုတွေးပြီး
သူ့အပြစ်မကင်းဘူးဟု ခံယူထားပုံရပါသည်...

ကလေးထိုကဲ့သို့ အိမ်မက်ဆိုးမက်ပြီး
နှလုံးခုန်သံမမှန်လို့ ဆေးသောက်ရတိုင်း
ငယ်လေးမျက်နှာမှာ ဇီးရွက်လောက်သာ
ရှိတော့သည်...

ကျွန်တော်တို့ကလည်း ကလေးကို
စိတ်ရောဂါ အထူးကုနှင့်ပြကြည့်မလားဟု
မေးသော်လည်း ငယ်လေးက
ကလေးစိတ်ထဲ အရမ်းကြီး
ကြောက်သွားမည်ကို စိုးရိမ်ပြီး
မပြချင်ဘူးဟု ပြောသည်....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Tempat cerita menjadi hidup. Temukan sekarang