50 🤗

10.3K 1.2K 252
                                    

[ Zawgyi ]

“ ဟုတ်တယ်...မုန်းတယ်...
မုန်းတယ်...ကိုကို့ကို မုန်းတယ်....”

ဟု မျက်လုံးကို စုံမှိတ်ကာ
အော်​ပြောလိုက်မိသည်...

“ ဟင်...”

မထင်မှတ်ထားသော Baek ၏
အဖြေစကားကြောင့်
ဘာဆက်ပြောရမည်ကို
မသိတော့ဘဲ Baek ကိုသာ
စိုက်ပြီးကြည့်လိုက်ချိန်
Baek ကလည်းကျွန်တော့ကို
သူ့မျက်ဝန်းလှလှလေးတွေနှင့်
မော့ကြည့်လာကာ

“ ကိုကိုသိချင်တာ သိရပြီမလား...
Baek ကိုလွှတ်ပေးတော့...”

ဟုပြောကာ ကျွန်တော့လက်ဖဝါးကြီးထဲက
သူ့လက်ကလေးတွေကို
ဆွဲထုတ်လာပြန်သည်....

“ မလွှတ်ပေးဘူး...”

“ ဟင်...”

“ ဘာလဲ မင်းက ဟိုကောင်ကို
ချစ်နေတာလား...”

ဟု မေးလာသည့် ကိုကို့ကိုစိုက်ကြည့်ပြီး
ကျွန်တော်အံ့သြသွားကာ

“ ဟုတ်တယ်...”

ကျွန်တော်ချစ်တာ
ဘယ်သူပါဆိုတာကိုလည်း
ကိုကို့ကို ကျွန်တော်သေသေချာချာ
ပြောပြထားပါလျက်
နောက်ပြီးကျွန်တော့ကို အနမ်းတွေ
ဇွတ်ပေးပြီးမှ တွေ့ကရာလူနှင့်စွပ်စွဲသည့်
ကိုကို့အားအရွဲ့တိုက်ကာ
စူးစိုက်ကြည့်ပြီးဖြေပစ်လိုက်သည်...

သူ မထင်မှတ်ထားသည်ကို
ကြားလိုက်ရတာကြောင့်
ကိုကိုက စိတ်တိုသွားကာ
မခံမရပ်နိုင်ဖြစ်သွားသည့် ပုံပါလေ...

“ ဒီလောက်ဖြစ်လှတာ လာစမ်း...”

ဟု ကျွန်တော့အား သူ့ရင်ဘတ်ထဲ
ပြန်ဆွဲထည့်ကာ ထပ်နမ်းရန်
လုပ်လိုက်သည်ကို ကျွန်တော်က

“ ဟင့်အင်း...နမ်းနဲ့ဆို....”

ဟု ပြောလည်းမရ....
အတင်းကို အနမ်းတွေခြွေနေသော
ကိုကို့၏မေးစိကို ကျွန်တော့လက်ဖဝါး
နှစ်ဖက်ဖြင့် ပင့်ကာ ကိုင်ပြီး
ကျွန်တော့မျက်နှာနှင့်ဝေးရာကို
တွန်းလိုက်မိသည်....

တွန်းလိုက်သည့်တစ်ခဏ
ကိုကို့မေးစိက မုတ်ဆိတ်မွှေး
ငုတ်တိုလေးတွေက
ကျွန်တော့လက်ကိုစူးတော့

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now