23 😒

11.4K 1.1K 74
                                    

[ Zawgyi ]
 

စ်နေကုန် lap Top တစ်လုံးနဲ့
အလုပ်လုပ်ကာ အပေါ်ထပ်ကနေ
ဆင်းလာပြီး ဧည့်ခန်းကဆိုဖာတွင်
ထိုင်လိုက်စဉ် မာမီက အပြင်သွားရန်
လုပ်နေသည်ကြောင့်

“ မာမီ... ဟိုပုစိရော...”

ဟု လှမ်းမေးလိုက်တော့ မာမီက

“ ဒီနေ့တစ်နေကုန် သူ့အခန်းထဲကနေ
ထွက်မလာသေးဘူး...”

ဟု ပြန်ဖြေရင်း

“ သားငယ်...ညနေစာကို
စားထားလိုက်နော်...မေမေတို့ကို
မစောင့်နဲ့တော့ သိလား...
မေမေနဲ့သားဖေဖေဒီနေ့
နည်းနည်း နောက်ကျမယ်....
သားကြီးရောပဲ...”

ဟုကိုကြီးကိုပါပြောတော့ ကိုကြီးက

“ မေမေ...သားလည်း
အပြင်သွားစရာရှိတယ်...
သားကောင်မလေးနဲ့ချိန်းထားတယ်...”

“ အေးအေး...ကားကို
ဂရုစိုက်ပြီး မောင်းဦးနော်...”

“ ဟုတ်...မေမေတို့လည်း ဂရုစိုက်ဦး...
အပြန် ကားမမောင်းနိုင်တော့ဘူးဆိုရင်
သားကို လှမ်းခေါ်လိုက်နော်...”

“ အေးအေး...သား...”

ဟုပြောကာ မာမီက ထွက်သွားသည်....

“ Baekလေးက အိပ်နေမယ်ထင်တယ်...”

ဟု ကိုကြီးက သူ့အခန်းထဲသို့ဝင်ရန်
သွားနေစဉ် ပြောလေသည်...

 “ သူလား အိပ်မှာ...
အခန်းထဲမှာ ဆော့နေမှာပေါ့...
ကိုကြီးဝယ်ပေးထားတဲ့ဟာတွေနဲ့...”

“ အာ...ဟုတ်သားပဲ...
ပန်းချီပစ္စည်းတွေ ဝယ်ပေးလိုက်ကတည်းက
အပြင်ကို ထွက်မလာတော့တာ...
ဟုတ်မယ်ထင်တယ်...”

ဟု ပြောပြီး အခန်းထဲသို့
ဝင်သွားတော့သည်...
ကျွန်တော်ကတော့ ဖုန်းကိုထုတ်ကာ
သုံးနေစဉ်

အပေါ်ကနေ အိပဲ့ အိပဲ့ နှင့်
တစ်လှမ်းချင်း ဆင်းလာသည်...
သူ့အကြောင်းပြောနေတုန်း
ရောက်လာတယ်ဆိုတော့
အသက်ကတော့ ရှည်ဦးမှာ...
ဟာ...မျက်နှာကလည်း
ကြောင်ချီးအိုးရုပ်နဲ့
ဆေးတွေပေပွနေတာပဲ...

ရုပ်တည်နဲ့လမ်းလျှောက်လာကာ
ကျွန်တော့ဘေးကိုဝင်ထိုင်သည်...
ပြီးတော့ ကျွန်တော့ပေါင်ပေါ်ကို
ခေါင်းအုံးပြီး အိပ်ပစ်လိုက်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now